KNU/PDF အကြမ်းဖက်အဖွဲများအား အလိုမရှိကြောင်း ဆန္ဒပြရှုတ်ချ
==============================
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြိုနယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ စည်ပိုင်းကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ပိတောက်ကုန်းကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ဆယ်ဝါးတောကျေးရွာများမှ ဒေသခံပြည်သူများ ၄၀၀ ကျော်ခန့်သည် KNU/PDF အကြမ်းဖက်အဖွဲများ ကျေးရွာတွင်းဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ဒလန်စွပ်စွဲသတ်ဖြတ်နှိပ်စက်ခြင်း၊ ပညာရေးဝန်ထမ်များထံမှ လစဉ်ဆက်ကြေးကောက်ခံခြင်း၊ စက်တင်ဘာလ ၈ ရက်နေ့တွင် စည်ပိုင်းကျေးရွာမှ ကျောင်းဆရာမတစ်ဦးနှင့် ရပ်မိရပ်ဖများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချကြောင်း ယနေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
4September 9, 2026 148



