မြန်မာနိုင်ငံတွင် ပထမဆုံး Startup World Cup ကျင်းပမည်… — မင်းရဲကျော်စွာ — TG.ME

🚀 မြန်မာနိုင်ငံတွင် ပထမဆုံး Startup World Cup ကျင်းပမည်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် Startup World Cup မြန်မာနိုင်ငံအဆင့်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး Winner သည် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။
📌 ဘယ်သူတွေ ဝင်ပြိုင်နိုင်လဲ?
• နည်းပညာ Startup များ
• စားသောက်ကုန်လုပ်ငန်း
• ဝန်ဆောင်မှုလုပ်ငန်း
• ထုတ်လုပ်မှုလုပ်ငန်း
• အခြားစီးပွားရေးလုပ်ငန်းများ
• Idea Stage မှ လုပ်ငန်းလည်ပတ်နေသည့်အဆင့်အထိ လျှောက်ထားနိုင်
📅 လျှောက်ထားရန် နောက်ဆုံးရက် — စက်တင်ဘာ ၂၅ ရက်
Final Round အတွက် အရည်အချင်းပြည့်မီသည့် လုပ်ငန်း ၁၀ ခုခန့် ရွေးချယ်မည်ဖြစ်ပြီး အောက်တိုဘာ တတိယပတ်တွင် Final ကျင်းပရန် စီစဉ်ထားသည်။
🏆 မြန်မာနိုင်ငံအဆင့် Winner သည် အမေရိကန်တွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ သန်းအထိ ဆုကြေး ရရှိနိုင်မည့်အပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။
#StartupWorldCup #Myanmar #Startup #Business #Entrepreneur
❤1
September 7, 2026 48