၁၉)ကြိမ်မြောက်တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်… — မင်းရဲကျော်စွာ — TG.ME

(၁၉)ကြိမ်မြောက်တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားချက်များထဲမှ ကောက်နုတ်ချက်
==============================
အမျိုးသားယဉ်ကျေးမှုသည် အသက်နှင့်ထပ်တူ တန်ဖိုးထားထိန်းသိမ်းရမည့် ဘိုးဘွားအမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ ပိုင်ဆိုင်ခဲ့သည့် မြန်မာ့သုခုမအနုပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံတော်၏ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရာရောက်သည်ကို လေးလေးနက်နက် သိမြင်နားလည်ထားကြရန်လိုကြောင်း၊ မိမိတိုနှလုံးသားထဲတွင် ပိုင်ဆိုင်ထားသည့် အနုပညာ၊ ပင်ကိုယ်ရှိပြီးသည့် အနုပညာဗီဇ၊ ပါရမီတိုနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်အစစ်အမှန်ကို ဖော်ထုတ်ပြသကြရမည့် ပြိုင်ပွဲတစ်ရပ်ဆိုသည့် အသိထက်ကျော်လွန်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အပေါ် စောင့်ရှောက်နိုင်ရန်ဆိုသည့် အသိ၊ တပ်ဖွဲဝင်များ၏ အနုပညာကိုယ်ရည်ကိုယ်သွေးမြင့်မားရေးဆိုသည့် အသိများထိတိုင်ရှုမြင်ပြီး မဆုတ်မနစ် ကြိုးစားယှဉ်ပြိုင်လျှောက်လှမ်းသွားကြရန်လိုအပ်ကြောင်း၊
👍1
September 7, 2026 147