မန္တလေး၌ အွန်လိုင်း လောင်းကစား ပြုလုပ်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦးကို စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
=====
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အွန်လိုင်း လောင်းကစား ပြုလုပ်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦးတို့အား မော်နီတာ ၁ လုံး၊ ဖုန်း ၁၄ လုံး၊ Wifi စက် ၂ လုံး၊ CCTV ၁ လုံးတို့နှင့်အတူ မဟာအောင်မြေခရိုင် ရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ဦးဆောင်သူ အမျိုးသမီးသည် ၂၀၂၄ ခုနှစ်ကတည်းက အိမ်၌ စတင်တည်ထောင်၍ ဝန်ထမ်းများအား လစာပေးကာ ကိုရီးယားနိုင်ငံမှ Goldeni Star Online ဖဲဂိမ်းအား ကျပ်သိန်း ၁၅၀ ဖြင့် ဝယ်ယူ၍ K-Pay အကောင့်များမှတစ်ဆင့် ငွေသွင်း/ငွေထုတ် ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ဖမ်းဆီးရမိသူများအား အမှတ်(၃) နယ်မြေရဲစခန်းတွင် အီလက်ထရောနစ် ဥပဒေဖြင့် အမှုဖွင့်ထားပြီး အသေးစိတ် စစ်ဆေးနိုင်ရန် CID သို့ လွှဲပြောင်းပေးထားသည်။
ထို့ပြင် စက်တင်ဘာ ၂ ရက်ကလည်း မန္တလေး၌ နိုင်ငံခြားသားများ ပါဝင်သည့် အွန်လိုင်း လိမ်လည်သူ ၂၈ ဦးကို ဖုန်း ၆၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
3September 9, 2026 127 1



