အဘိဝါဒန _ ရှိခိုးခြင်း ၊
အဉ္ဇလီကမ္မ _ လက်အုပ်ချီခြင်း၊
ပစ္စုဌာန _ ခရီးဦးကြိုဆိုခြင်း၊
အပစာယန _ အရိုအသေပေးခြင်း တို့ ဆိုတာ လူယဉ်ကျေးတွေရဲ့ အပြုအမူပဲ။
မျိုးရိုးကောင်းတွေ ပြုမူတဲ့ အကျင့်လေးတွေပဲ...။
ဆိုတော့_
ရှိခိုးခြင်း လက်အုပ်ချီခြင်း ခရီးဦးကြိုဆိုခြင်းတွေပေါ့။
တစ်ချို့က_
ဖိတ်ထားပြီး ထွက်မကြိုဘူး။ မနှုတ်ဆက်ဘူး။ ဒီအတိုင်းကြီး ထိုင်ခိုင်းထားတယ်။
တော်တော်ကြာမှ ထွက်လာတယ်။ ဒါ မယဉ်ကျေးတဲ့ အပြုအမူတွေပဲ။
မအားသေးရင်လည်း ခဏထွက်လာပြီး နှုတ်ဆက်ရမယ်။ ပဋိသန္ဓာရပြောရမယ်။
ဒါ သီလထဲမှာပါတယ်။ သီလရဲ့ အပြုအမူတွေပေါ့။ ငါးပါးသီလလို ရှောင်သီလမဟုတ်လဲ လိုက်နာရတဲ့ ဆောင်သီလတွေပါပဲ။






