သတ်သတ်လွတ် (၉) ရက်စား
၉ ရက် တနေ့တနာရီ တရားထိုင်
မွေးနေ့တရက် ၈ ပါးသီလ ဥ ပုသ်ပါ စောင့်ရမယ်
ကျွန်မ နဲ့ အတူ အဓိဌာန် ဝင်ချင်သူရှိရင်
အဓိဌာန် စမယ့် ရက် ပြောပေးပါမယ်။
တရား နာ ထားပါ ။ နှစ်သက်ရာ ခန္ဓပဋိစ္စသမုပ္ပါဒ် တရားတပုဒ်ကို (၇) ရက် တိတိ နေ့စဉ် နာထားပါ။
မိုးကုတ်ဆရာတော်ကြီး (သို့မဟုတ် မိမိနှစ်သက်ရာဆရာတော်ကြီးများရဲ့ သက္ကာယဒိဌိပြုတ် တရားတော်တွေကို နာပါ။
နှစ်သက်ရာတရားတပုဒ်ကို (၇) ရက် နာထားပါ။
တရားမနာခင် အဖိုးကိုအာရုံပြု မိမိစရိုက်နဲ့ ကိုက်မယ့် မိမိအတွက် ဥာဏ် အလင်းပွင့်မယ့် တရားမျိုး တွေ့ပါစေလို့ ဆုတောင်းအာရုံပြုပြီးမှ ရွေးချယ်ပါ။
ကျွန်မကလည်း တောင်းဆုတွေပြည့်အောင် သစ္စာဆို ဆုတောင်းပေးပါမယ်။
သို့သော်လည်းကျွန်မ အမြဲပြောခဲ့သလိုဘဲ
ဘာကြောင့်ဘဲ အဓိဌာန်ဝင်ဝင်
တရားအားထုတ်ပြီဆိုရင် အကုန်လွှတ်ချလိုက်ပါ။
အကောင်းဆုံး အမွန်မြတ်ဆုံး တန်ဘိုးမဖြတ်နိုင်တဲ့
သံသရာဆုံးတဲ့အထိ အတူပါမယ့် ကုသိုလ်တွေ ရဘ်ု့
ဘဝများစွာက ဖြည့်ခဲ့သောပါရမီတွေ ပြန်ရဘို့
အတားဆီးပိတ်ဆို့နေတာတွေ ပွင့်သွားစေဘို့
တရားက သူ့အလုပ်သူလုပ်သွားပါလိမ့်မယ်။
ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားပါ။
🌹🌹🌹
သမီးရေအကူအညီလေးတောင်းချင်လို့ပါ
အမရဲ့သားကအလုပ်ရပြီးvisaမရသေးတော့သွားလို့မရသေးဘူးမြန်မာပြည်ကနေပြီထိုင်းကိုတော့ပို့လိုက်ပြီ
အလုပ်ရအောင်အမကအဘိုးကုဆီမှာအဓိဌာန်ဝင်တယ်ညီမနဲ့လည်းအတူအဓိဌာန်လိုက်ဝင်ပါတယ်
…..,
သမီးရေသားလေးvisaရသွားပါပြီuaeကိုကောင်းမွန်စွာရောက်သွားပါပြီသမီးပြောသလိုသားလေးကကိုယ်တိုင်အဓိဌာန်ဝင်တယ်အဖိုးကုကတစ်ကယ်စောင့်ရှောက်ပါတယ်သမီးကိုလည်းကျေးဇူးအထူးတင်ပါတယ်
🌹🌹🌹
၇ လပိုင်းကစပြီးအဓိဌာန်စဝင်ဖြစ်ပါတယ် မမ ကိုကျေးဇူးအများကြီးတင်ပါ
တယ် အသိတွေအများကြီးရခဲ့ပါတယ် စိတ်လည်းထားတက်သွားပြီ
🌹🌹🌹
ဆရာမရှင့်
ခြေတော်ရာပါဒစေတီတော်မှစအုပ်ပါအတိုင်းတသွေမတိမ်းသမီးအတွက်လိုက်နာဆောင်ရွက်သစ္စာပြုဆုတောင်းတာတခါထဲအောင်မြင်လို့သာသနာပွဲ၊အဖိုးကုပွဲနှင့်သာသနာအတွက်ဝတ္ထုငွေပါသွားေရာက်လှူဒါန်းခဲ့ပြီးပါပြီရှင့်။ဆက်လက်၍
ဆရာမရဲ့postတွေ့လို့၊ပါဒခြေတော်ယာသံဃာဆောင်နဲ့တဆူတောင်လှေခါးအတွက်လှူဒါန်းပါတယ်ဆရာမရှင့်။ကျေးဇူးအထူးတင်ရှိပါတယ်ရှင်❤️🙏❤️
🌹🌹🌹
မဂ်လာပါအန်တီရှင့်
ပထမဆုံး အဓိဌာန်(9)ရက်
၀င်ပြီးနောက် စိတ်တွေအေးချမ်းလာပါတယ်၊ ထိုင်းထီ ဘတ်(4000)ဆုလည်း
ပေါက်ပါတယ်ရှင့် တောင်းဆုပြည့်ခဲ့ရင်
ခြေတော်ရာနဲ့အဖိုးကုကို ပွဲဆက်ကပ်
လှုဒါန်းပါမယ်လို့ပြောထားလို့ ဘယ်လိုလှုရမလဲရှင့်🥰