မြေလတ်အသံ: post #5 — TG.ME

မင်းလှက အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံး မင်းလှ ဇူလိုင် ၂၉ ၂၀၂၂ Tharyarwaddy 8 City ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြိုနယ်ရှိ မင်းလှမြိုနယ်က အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့နံနက်ပိုင်းတွင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ မင်းလှမြိုနယ် စစ်ကွင်းမြို ပေပင်တန်းကျေးရွာမှာနေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ဆိုသူသည် ယနေ့နံနက်၉နာရီခန့်မှာ ကြိုကုန်းတာဆုံအနီးမှာ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)၏ ဒေါင်းလေးတပ်ဖွဲမှ ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

July 29, 2022 5.6K