Milky Subway: The Galactic Limited Express (2026) ဇာတ်လမ်းကတော့… — MxT Anime & Cartoon — TG.ME

Milky Subway: The Galactic Limited Express (2026)

ဇာတ်လမ်းကတော့ စကြဝဠာထဲမှာ ကိုယ်ပိုင်အစွမ်းအစတွေ ရှိကြတဲ့ စွမ်းအားရှင်နှစ်ဦးဖြစ်တဲ့ ချီဟာရု နဲ့ ဆိုင်ဘော့ဂ် စက်ရုပ်လူသား မာကီနာ တို့အကြောင်းကနေ စတင်ထားပါတယ်။ သူတို့နှစ်ဦးဟာ အာကာသရဲ့ တင်းကြပ်လှတဲ့ ဥပဒေတွေကို ချိုးဖောက်မိခဲ့ကြတဲ့အတွက်... ပြစ်ဒဏ်အဖြစ် အာကာသထဲမှာ ခရီးနှင်နေတဲ့ ဂလက်ဆီအမြန်ရထားကြီး ပေါ်မှာ တခြားသော အာကာသရာဇဝတ်ကောင် ဥပဒေချိုးဖောက်သူတွေနဲ့အတူ တူတူ "ရထားသန့်ရှင်းရေး အလုပ်ကြမ်း" လုပ်ဖို့ စီရင်ခြင်း ခံရပါတော့တယ်။ဒါပေမဲ့ သူတို့တွေ ရထားပေါ်မှာ အမှိုက်လှဲ၊ သန့်ရှင်းရေးလုပ်ရင်း ပြစ်ဒဏ်ကျခံနေတုန်း... မထင်မှတ်ဘဲ အဆိုပါ အာကာသရထားကြီးဟာ လမ်းကြောင်းချော်ပြီး အန္တရာယ်များလှတဲ့ အာကာသရဲ့ အဆုံးမဲ့အမှောင်ထု နက်ရှိုင်းရာဆီကို ဇောက်ထိုး ထိုးဆင်းသွားပါတော့တယ်။ အဲဒီနောက်မှာတော့ ရထားပေါ်က ဝန်ထမ်းတွေ၊ ရာဇဝတ်ကောင်တွေအားလုံး အသက်ရှင်လွတ်မြောက်ဖို့အတွက် ကမောက်ကမတွေကြားကနေ ဘယ်လိုမျိုး စည်းလုံးပြီး ရုန်းကန်ကြမလဲဆိုတာကို  အပိုင်းတိုလေးတွေနဲ့ ရိုက်ပြထားပါတယ်။


ဇာတ်ကားကြည့်ရန် - နှိပ်ပါ။
❤1
September 2, 2026 83