The Stranger by the Shore (2020)
Anime ကိုမှ BL လေးတွေ ကြည့်ချင်ကြတဲ့ လူတွေရှိကြလား မသိဘူး။ဒီဇာတ်လမ်းလေးကတော့ပင်လယ်ကမ်းခြေက ကျွန်းတစ်ကျွန်းပေါ်က ကောင်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Mio ဆိုတဲ့ ကောင်လေးဟာသူ့အမေဆုံးသွားပြီးတဲ့နောက် တစ်ယောက်တည်းကျန်ခဲ့ပြီး ပင်လယ်ကမ်းခြေနားကခုံရှည်လေးမှာ အမြဲတမ်း လာထိုင်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်းသူ့ကို စောင့်ကြည့်နေတတ်တဲ့ ကောင်လေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ Shun တဲ့။Shun ဆိုတဲ့ စာရေးဆရာလေးက အဲဒီကမ်းခြေနားက အိမ်တစ်အိမ်မှာနေရင်းအမြဲတမ်း တစ်ယောက်တည်း ထိုင်နေတတ်တဲ့ Mio ကို ကြည့်ပြီး စိတ်ဝင်စားနေခဲ့တာပါ။ဒီလိုနဲ့ပဲ စကားသွားပြောကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် ခင်လာကြမယ့်တစ်ရက်မှာ Mio က ကျွန်းမကြီးပေါ်ကို သွားတော့မယ်ဆိုပြီး ပြောလာခဲ့ပါတယ်။အဲဒီလိုနဲ့ နှစ်တွေလတွေကြာပြီး ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ သူက Shun ကိုဖွင့်ပြောခဲ့ပါတယ်။အမြဲတမ်း အထီးကျန်ပြီး တစ်ယောက်တည်းဖြစ်နေတဲ့ Mio ကို Shun က ပြန်ကြိုက်နိုင်ပါ့မလား...
ဇာတ်ကားကြည့်ရန် - နှိပ်ပါ။

1September 1, 2026 238 3