Blue Box (2024) အပိုင်း ( ၁ မှ ၂၅ ) အစအဆုံး။ အားကစားကိုယ်စီနဲ့… — MxT Anime & Cartoon — TG.ME

Blue Box (2024)

အပိုင်း ( ၁ မှ ၂၅ ) အစအဆုံး။

အားကစားကိုယ်စီနဲ့ အိပ်မက်တွေကို လိုက်ဖမ်းနေကြတဲ့ ကျောင်းသားဘဝထဲမှာ အချစ်ဆိုတာ တိတ်တိတ်လေး ဝင်လာတတ်တယ် ဆိုတာကို နူးညံ့ချစ်စရာကောင်းအောင် ဖော်ပြထားတဲ့ Anime လေးပါ။ Taiki Inomata က Badminton ကစားတဲ့ ကျောင်းသားတစ်ယောက်။ သူ့ရဲ့ မနက်တိုင်းရဲ့ အားတက်စရာကတော့ Basketball အသင်းက Chinatsu Kano ကို မြင်တွေ့ရတာပါ။ Chinatsu က Taiki ထက် အတန်းကြီးပြီး ကျောင်းမှာလည်း လူတိုင်းသဘောကျတဲ့ ထူးချွန်တဲ့ ကစားသမားတစ်ယောက်။ Taiki က သူ့အပေါ် တိတ်တိတ်လေး ချစ်မိနေခဲ့ပေမယ့် ကိုယ့်ခံစားချက်ကို ဖွင့်မပြောရဲသေးပါဘူး။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကြောင့် သူတို့နှစ်ယောက်ဟာ နေ့တိုင်းအနီးကပ်တွေ့ဆုံနေရတဲ့ ဘဝတစ်ခုထဲကို ရောက်လာကြတဲ့အခါ… Blue Box က ကြီးကြီးမားမား Drama တွေထက် “တစ်ယောက်ကို သဘောကျမိတဲ့အချိန်မှာ ရင်ထဲက ဘယ်လောက်တောင် နူးညံ့သွားနိုင်လဲ” ဆိုတာကို အေးအေးဆေးဆေး ခံစားစေတဲ့ School Romance Anime လေးပါ။


ဇာတ်ကားကြည့်ရန် - နှိပ်ပါ။
❤1
August 26, 2026 650 4