Horror Webtoon တွေကို ရေးဆွဲတဲ့ နာမည်ကြီး ကာတွန်းဆရာမ ဂန်ဂျီယွန်း (Lee Si Young) ဟာ အိပ်မက်ဆိုးတွေကတစ်ဆင့် သူနဲ့မရင်းနှီးတဲ့နေရာတွေကို ရောက်ရှိသွားတတ်ပြီး အဖြေရှာရခက်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေရသူပါ။
ဂန်ဂျီယွန်းရဲ့ ကာတွန်းစာမူတွေကို ကိုင်တွယ်ပေးရတဲ့ ရုပ်ပြကာတွန်း ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့မှူးဟာ ဂန်ဂျီယွန်းရဲ့ ဇာတ်လမ်းအသစ်ကို လက်ခံရရှိပြီးတဲ့နောက် ထူးဆန်းစွာပဲ သေဆုံးသွားခဲ့ရသလို ဂန်ဂျီယွန်းရေးဆွဲတဲ့ ရုပ်ပြကာတွန်းရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေအတိုင်း အပြင်လောကမှာ ဖြစ်ပျက်လာတဲ့အချိန်မှာတော့ အမှုကို ဖြေရှင်းဖို့ စုံထောက်အီဂီချော (Uhm Ki Joon) ကပါ ပါဝင်ပတ်သက်လာပါတော့တယ်။
ထူးဆန်းတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွေနဲ့ အပြင်က လက်တွေ့အမှုတွေကြား ပတ်သက်မှုက ဘာတွေဖြစ်မလဲ...
ကာတွန်းဆရာမ ဂန်ဂျီယွန်းနဲ့ ဘယ်လိုဆက်စပ်နေတာလဲဆိုတဲ့ လျှို့ဝှက်ပုစ္ဆာတစ်ခုကို အဆုံးထိ အဖြေရှာရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Channelအရင်joinပါ
https://t.me/moviesch840
ကြည့်ရန်
https://t.me/moviesch840/1096


