ဇာတ်လမ်းကတော့ အလုပ်ကြိုးစားတဲ့ သာမန်လူတန်းစားတစ်ယောက်ဖြစ်တဲ့ Simon Ward ဆီကနေ စတင်ပါတယ်။ သူဟာ ဇနီးဖြစ်သူနဲ့ အေးချမ်းတဲ့ဘဝကို ဖြတ်သန်းနေပေမဲ့ တစ်နေ့မှာတော့ လူဆိုးတွေ အိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်က သူ့ကို စိတ်ခြောက်ခြားစေခဲ့ပြီး အဲဒီနောက်ပိုင်းမှာ Simon ရဲ့ ဘဝက ပိုပြီးဆိုးရွားလာပါတယ်။ အလုပ်မှာလည်း ဆက်တိုက် အဆင်မပြေတာတွေ ဖြစ်လာသလို၊ အချစ်ဆုံးသူငယ်ချင်း Gary ပါ ဆုံးပါးသွားတဲ့အတွက် Simon တစ်ယောက် အထီးကျန် ဝမ်းနည်းပြီး လုံခြုံမှုမရှိသလို ခံစားလာရပါတော့တယ်။Channelအရင်joinပါ
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တာကြောင့် သေနတ်တစ်လက် ဝယ်လိုက်ပြီးနောက်မှာတော့ သူ့ရဲ့ကြောက်စိတ်တွေကို ကိုင်တွယ်ဖို့ Dalton Kirby ဆိုတဲ့ ဒေါသပြည့်နေတဲ့ လူကြီးရဲ့ ရေဒီယိုကို နေ့တိုင်း နားထောင်လာပါတော့တယ်။ Dalton Kirby က သာမန်လူတွေဟာ လူ့အဖွဲ့အစည်းရဲ့ တိုက်ခိုက်မှုတွေကို ခံနေရကြောင်း၊ အစိုးရနဲ့ ရဲတွေက ပြည်သူတွေကို ကာကွယ်မပေးကြောင်းတွေ သွေးထိုးပေးတဲ့အခါ Simon ကိုယ်တိုင်လည်း လောကကြီးအပေါ် ဒေါသထွက်ပြီး ယုံကြည်လာပါတော့တယ်။
https://t.me/addlist/AhWXdvkey01hZDll
ဇာတ်ကားကြည့်ရန်
https://t.me/myanmar_movess/1139

