Ballon d'Or ဆုအတွက် ပြောစရာစကား မရှိအောင် ဖြစ်ရတယ်လို့ အူစမန်ဒမ်ဘီလီ ဖွင့်ဟ ၂၀၂၅ Ballon d'Or အကောင်းဆုံးဆုရှင် PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီက ဆုရရှိခဲ့တဲ့အပေါ် ပြောစရာစကားမရှိအောင် ဖြစ်ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အူစမန်ဒမ်ဘီလီ(၂၈ နှစ်)ဟာ ရေမွန်ကိုပါ(၁၉၅၈)၊ ပလာတီနီ(၁၉၈၃၊ ၁၉၈၄၊ ၁၉၈၅)၊ ပါပင်(၁၉၉၁)၊ ဇီဒန်း(၁၉၉၈)၊ ဘန်ဇီမာ(၂၀၂၂)ပြီးနောက် ပြင်သစ်ကစားသမားတွေထဲ ခြောက်ဦးမြောက် ဆုရရှိသူ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ၂၁ ရာစုအတွင်းမှာ ဘန်ဇီမာပြီးနောက် ဒုတိယမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ "ဒီအတွေ့အကြုံက ထူးခြားလွန်းပါတယ်။ အဲဒီအတွက် ကျွန်တော့်မှာ ပြောစရာစကား မရှိပါဘူး။ ဒီဆုကို ဆွတ်ခူးနိုင်ဖို့ မလွယ်ပါဘူး။ ပြီးတော့ ရော်နယ်လ်ဒင်ညိုလို ဘောလုံးဂန္ထဝင်တစ်ယောက်က ပေးအပ်တာဟာ ထူးခြားပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျွန်တော့်ကို ခေါ်ခဲ့တဲ့ PSG အသင်းကို ကျေးဇူးတင်ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ မိသားစု တစ်ခုပါပဲ။ ဥက္ကဋ္ဌ နာဆာ(အယ်လ်ခီလိုင်ဖီ) ကတော့ ကျွန်တော့်အဖို့ ဖခင်လိုပါပဲ။ အသင်းသားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပြကလည်း ကျွန်တော့်အဖို့ ဖခင်လိုပါပဲ"လို့ အူစမန်ဒမ်ဘီလီက ပြောခဲ့ပါတယ်။ Photos: Ballon d'Or
Ballon d'Or ဆုအတွက် ပြောစရာစကား မရှိအောင် ဖြစ်ရတယ်လို့ အူစမန်ဒမ်ဘီလီ… — မအေလိုး မင်းအောင်လှိုင် — TG.ME
September 23, 2025 6.3K 2