မနက်မိုးလင်းပြီ အချစ်ရေ
လွမ်းဆွတ်ခြင်းတွေနဲ့ ထရတဲ့မနက်ခင်းမှာ
လူကအိပ်ယာထဲမှာဆိုပေမယ့် စိတ်ကတော့
မင်းဆီ သုတ်ခြေတင်အပြေးနှင်လေပြီ
ကိုယ်လာနေပြီ အချစ်ရေ
မင်းနဖူးလေးကို အနမ်းကလေးပေးမလို့
မနက်စာအတူတူစားချင်လို့ ကော်ဖီတစ်ခွက်နှစ်ယောက်သောက်မလို့
အဲ့ဒီစိတ်တွေနဲ့ ကိုယ်မင်းဆီအရောက်လာနေပြီ။
-မိုးသစ်ပင်

16
2August 19, 2026 2.1K 7