သေနတ်ခလုတ်လေးလို
အချစ်ဟာ ကိုယ့်ကိုယ်ကိုကာကွယ်ချင်းလား။
ဒါမှမဟုတ် သေစေချင်တဲ့ စိတ်ဆန္ဒအပြည့်နဲ့
ချိန်ရွယ်ပြစ်ခတ်မှုလား။
ငါ့ကိုငါ မေးခွန်းတွေ တသီကြီးမေးဖြစ်တယ်။
အသွေးသားချင်းတူလို့ မင်းဒဏ်ရာမျိုး
ငါလဲရဖူးတာပဲ ကေသွယ်။
မုန်တိုင်းမိဖူးတဲ့ငှက်တွေ
မိုးသံကြားရင်ပြေးတာ သဘာ၀ပဲ။
ငါကတော့ သဘာ၀ကို ဖီဆန်ချင်တဲ့
အသိုက်မစွန့်တဲ့ ငှက်။
-ရွက်လှေ
-နွေဦးသွယ်ကဗျာရှည်မှ
2