တကယ်တမ်း လူတိုင်းဆီကို ဒုက္ခ နဲ့ ဝေဒနာ တွေက တစ်စစီလာတတ်တယ်။… — 𝗠𝗜𝗟𝗞𝗦𝗛𝗔𝗞𝗘 — TG.ME

တကယ်တမ်း  လူတိုင်းဆီကို
ဒုက္ခ နဲ့ ဝေဒနာ တွေက
တစ်စစီလာတတ်တယ်။

ဇာတ်လမ်းတစ်ခုမှာ
ဖြေရှင်းစရာ
ဇာတ်သိမ်းမရှိတာ
ဇာတ်သိမ်းဖြစ်ခဲ့။

ငှက်တွေ အတောင်မပါတာ
ထိုင်ကြည့်နေရသလိုမျိုး လှတယ်။

လူသားအချင်းချင်း
စာနာ နားလည်မှုမှာ
Night killer တချို့
နေ့ဘက်ကိုကြောက်တာ မပါ။

ပြေးထွက်လို့ရမယ်ဆိုရင် ကမ္ဘာဟာ
ခြေချစရာမကောင်းတော့တဲ့
ပန်းစက်ဝိုင်းပဲ။ ။

ကြည်ရိူင်း
❤5
August 10, 2026 2.6K 3