နှစ်မသစ်ဘူး. . . . . ,
နှုတ်မဆက်ဘူး
ခေတ်မကူးသမျှ
နှစ်က မကူးဘူး . . .
နှုတ်မဆက်ဘူး
ခေတ်မပြောင်းသမျှ
နှစ်က မပြောင်းဘူး . . .
နှုတ်မဆက်ဘူး
ဘဝနံရံထက်မှာ
ပြက္ခဒိန်ခေတ်အသစ်ကိုပြောင်းနှိုင်မှ
နှစ်အဟောင်းကုန်
မင်္ဂလာနှစ်သစ်လို့ယုံလိုက်မယ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
31/12/25
"စကားတစ်သောင်း၊ စာတကြောင်း
စာလုံးတစ်သောင်း၊ ရုပ်ကောင်းတခု"
ရှေးစကားလိုပဲ၊ စကားတွေအများကြီးပြောနေမှာထက်၊ စာတကြောင်းကပိုထင်လင်းမြင်သာတယ်၊ စာကြောင်းတွေအများကြီးထက်၊ ရုပ်ပုံတစ်ပုံက အဓိပ္ပါယ်တွေအများကြီးရှိပါတယ်။ မြေပြင်လူတွေက အသက်တွေရင်းထားတာပါ။ တော်လှန်ရေးကြီး (၆)နှစ်ထဲရောက်လာခဲ့ပြီ။ ကြွေလွင့်သွားတဲ့ရဲဘော်တွေအများကြီး၊ ကျန်နေတဲ့ရဲဘော်တွေ အိမ်ပြန်ချင်ကြပြီ၊ ဟိုလိုတိုက်ပါလားဒီလိုတိုက်ပါလားဆိုပြီး လိုင်းပေါ်ကလေနဲ့တော်လှန်နေသူတွေတဝက်လောက်မြေပြင်ရဲဘော်တာဝန်ထမ်းဆောင်ကြရင်မဆိုးဘူး။အုပ်ကြီးတွေကိုဆော်ဖို့လိုင်းပေါ်တင်သူတွေတကယ်လုပ်သူတွေကိုစရိတ်စကလုံခြုံရေးကိစ္စထောက်လားမထောက်လားမသိ ပြည်သူကိုကာကွယ်ရမယ်ဇွတ်ကြီး သတ်မှတ်ထားသူတွေရဲဘော်တွေကလည်းပြည်သူကလာတာပဲဆိုတာမေ့မထားစေချင်။
တော်လှန်နှစ်သစ်မှာတော်လှန်အသိတရားအသစ်တွေတိုးပွားကြပါစေ။
#WES
လေကြောင်းသတင်းချန်နယ်
Forwarded from𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳

4January 1, 2026 682