ပြစ်မရှိပစ်ရှာ၊ လမင်းကိုခွေးဟောင်လို့ ပုဝါတထည်ပိုင် အမျိုးသမီးကြီးကို၊ လက်နက်ကိုင်လူသန်တစ်စုက၊ ထောင်သွင်းအကျဥ်းချပြီး၊ ပလ္လင်ပေါ်တက်ထိုင်ခဲ့တယ်။
ပြိုင်ဘက်ကိုမနိုင်မှန်းသိတော့၊ တိမ်လွှာတဲ့ဥာဏ် ရည်စုတ်နဲ့ ယုတ်နည်းမျိုးစုံကွယ်၊ မရှိတဲ့သိက္ခာ၊ သိပ်နုတ်တဲ့အတွေးအခေါ်တွေနဲ့၊ စင်ပေါ်မှာနေရာယူရဲတယ်၊ မိစ္ဆာတကောင်နဲ့နောက်လိုက်တသိုက်ရယ်။
ရှက်ကြောရယ်မကုန်နိုင်သေး၊ ဆုတ်လည်းစူစားလည်းရူးမို့၊ ရှေ့ဆက်ရင်းအခွက်ပြောင်မယ်၊ အသက် တထောင်သတ်ဖို့လည်းဝန်မလေး၊ ပလ္လင်ဘေးမယ်၊ သေရင်တောင်ဖက်တွယ်မယ့်၊ ချီးပိုးထိုးနှယ်။-----။
#WES
လေကြောင်းသတင်းချန်နယ်
Forwarded from𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳

3
2May 1, 2026 417