မိတ္ထီလာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ၊… — MDY image✍️ — TG.ME

MDY image✍️Photo
မိတ္ထီလာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ၊ ဒေသခံများက လိုအပ်ချက်များ တင်ပြ

(လွှတ်တော်) စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့ရာ ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြသွင်(ခ) ဦးမြင့်ဆန်း၊ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဇေယျာဟိန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြသွင်(ခ) ဦးမြင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများနှင့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့် လုပ်ငန်းများနှင့် ဒေသတွင်းလိုအပ်ချက်များကို တင်ပြခဲ့ကြသည်။

ဒေသခံပြည်သူများ၏ တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြသွင်(ခ) ဦးမြင့်ဆန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#PAN
👍7❤1
September 5, 2026 679