ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၆
“မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”ကို ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်ချီးမြှင့်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။
အဆိုပါ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲဝင်များ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရအဖွဲမှတာဝန်ရှိသူများ၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။
PPIB
Forwarded fromမှိုင်းဝေ
5September 6, 2026 505









