4926 စစ်ဆင်ရေးက ရခိုင်ပြည်နယ်တစ်ဝှမ်း စစ်ရေးအရှိန် အမြင့်ဆုံးအဆင့်ကို တင်လိုက်တာလား
၄-၉-၂၀၂၆ နေ့မှာရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမြို့တွေကို မြန်မာ့တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေ တစ်ပြိုင်နက်တည်း အရှိန်မြင့်တက်လာနေပါတယ်…
အကြမ်းဖက် AA အဖွဲ့တွေ ခိုအောင်းလှုပ်ရှားနေတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေကို တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို၊ ရေကြောင်းဘက်ကလည်း စစ်ရေယာဉ်တွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အရှိန်မြှင့်လာနေပါတယ်…
တစ်နေရာတည်းကို ကန့်သတ်ထားတဲ့ စစ်ဆင်ရေးမျိုးမဟုတ်ဘဲ ရခိုင်ပြည်နယ်ရဲ့ တောင်ပိုင်း၊ မြောက်ပိုင်း ဒေသအသီးသီးမှာ စစ်ရေးဖိအားတွေ တစ်ပြိုင်နက်တည်း မြင့်တက်လာတာ ကတော့ အထူးသတိထားစရာ ဖြစ်လာပါတယ်…
ဒါကြောင့်
“4926 စစ်ဆင်ရေး(4Sept2026)ဟာ ရခိုင်စစ်မြေပြင်အတွက် အလှည့်အပြောင်းကြီးတစ်ခုရဲ့ အစဖြစ်လာမလား…?”
လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးတွေ တစ်ပြိုင်နက်တည်း အရှိန်မြင့်လာခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်း လာမယ့်ရက်တွေမှာ စစ်ရေးအခြေအနေဟာ သိသိသာသာ ပြောင်းလဲလာနိုင်ပါတယ်..
ခုချိန်ထိတော့ အဖွင့်လှသွားပြီ။ အောင်မြင်မှုတွေကို ဆက်ပြီးတော့ အရသာခံ စောင့်ကြည့်ကြတာပေါ့။
မှိုင်းဝေ
Forwarded fromမှိုင်းဝေ

7
7
1September 6, 2026 348 1