ကဲ ဒီမှာပဲ ရောက်ပြီ” “အဲ” ငပိန်ညွှန်ပြရာကြည့်လိုက်တော့… — MBS CHANNEL — TG.ME

“ကဲ ဒီမှာပဲ ရောက်ပြီ” “အဲ” ငပိန်ညွှန်ပြရာကြည့်လိုက်တော့ သိပ်ကြီးကြီးမားမား မရှိလှတဲ့ ဂျပ်ထူပုံးကြီးပဲ။ အဲ့ဒါကြီးကိုကြည့်ပြီး အားလုံးက အံ့အားသင့်သွားတယ်။ “ဟင် မင်းပြောတော့ ပလ္လင်ဆို၊ ဒါက ပလ္လင်မှမဟုတ်တာ” ပါကညောအမေးကို ငပိန်က မခို့တရို့ပြုံးပြီး “ကြည့်လိုက်လေ” ဆိုပြီး ဂျပ်ထူပြားတွေ ခွာချလိုက်မှ.. “ဟာ” “ဒါကြီး ဘာကြီးလဲ” သူတို့မြင်နေရတာက သူတို့ထင်သလိုမဟုတ်ဘူး။ ကနုတ်တွေ ပန်းခက်တွေလဲ မပါဘူး။ ေြွကထည်တွေနဲ့ ပြုလုပ်ထားတဲ့ ပြောင်လက်နေတဲ့ ခုံတစ်လုံး။ ဘာမှလဲ ထူးထူးခြားခြားရယ်မဟုတ်ဘူး။ ေြွကထည်အဖြူနဲ့ လုပ် ထားတာမို့ ဝင်းပြောင်ချောမွေ့နေတာတစ်ခုပဲ။ ဒီကြားထဲ ခုံလေးက လက် တင်မပါ၊ ဘာမပါနဲ့ ခုံကနိမ့်နေသေး။ ဒါကြောင့်ပဲ ဦးစံကြီးက “ဟင် မင်းဟာ ပလ္လင်လဲမဟုတ်၊ ကနုတ်လဲမပါဘဲနဲ့ ဘာထိုင်ခုံကြီးလဲ” ဦးစံကြီးအမေးကို ငပိန်က ခပ်တည်တည်ပဲ။ ခုံနောက်မှီမှာ ရေး ထားတဲ့စာကိုပြပြီး “စာတတ်တယ်ဆို ဖတ်ကြည့်လေ” သူညွှန်ပြရာကို အားလုံးငုံ့ကြည့်တယ်။ တုတ်ချောင်းတွေ အဝိုင်းတွေနဲ့ ဘာဘာသာနဲ့ ရေးထားမှန်းမသိတဲ့ စာတချို့။ အဲ့ဒီအောက်မှာ မြန်မာလို ပီပီသသရေးထားတာက “ဗိုလ်ထိုင်” အဲ့ဒီစာလုံးကိုမြင်တော့ အားလုံး အံ့အားသင့်သွားတယ်။ “ဟင် ဗိုလ်ထိုင်တဲ့၊ ဘာလဲ ဘာအဓိပ္ပာယ်လဲ” “အင်းလေ၊ ဗိုလ်ထိုင်ဆိုတာ ဘာပြောချင်တာလဲ” သူတို့စကားကို ငပိန်က ခပ်ဖွဖွပြုံးပြီး “စစ်သူကြီးမဟာဗန္ဓုလ ပန်းဝါတိုက်ပွဲ တိုက်ခဲ့တုန်းက ဘယ်မှာထိုင်ပြီး အမိန့်ပေးခဲ့တယ်ထင်သလဲ” သူ့အမေးကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ကြ တယ်။ အားလုံး ဇဝေဇဝါပဲ။ ဒါကို ငပိန်က ဆက်ပြီး “အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ယိုးဒယားကို တက်သိမ်းတော့ ဘယ်နေရာမှာထိုင်ပြီး စီမံခန့်ခွဲခဲ့တယ် ထင်သလဲ” အားလုံးခေါင်းခါပြီး ငပိန်ကိုပဲ ကြောင်ကြည့်နေကြတယ်။ “ဗိုလ်ဖြစ်မှ ထိုင်လို့ရတာမို့ ဗိုလ်ထိုင်လို့ ခေါ်တာပေါ့ဗျ၊ ဒါတင်မကဘူး၊ ရောမတို့ ဒေါမတို့ခေတ်ကတည်းက ဗိုလ်ဖြစ်သူတွေပဲ ထိုင်ခဲ့ရတဲ့ ဗိုလ်ထိုင်အစစ်ဗျ၊ အစစ်၊ ဒါတွေ ခင်ဗျားတို့သိမှာမဟုတ်ဘူး” သူ့စကားကို ရွာခေါင်းဘသန်းက သူ့ခေါင်းသူကုတ်ပြီး “ရောမတော့မသိဘူး၊ သခေါမ(သွားခေါမ)တော့သိတယ်၊ သစ်ပင် လှမှာရှိတယ်၊ သူ့နာမည် မတင်သိန်းတဲ့” ရွာခေါင်းဘသန်းစကားကြားတော့ ငပိန်တင်းသွားတယ်။ “ခင်ဗျားတို့သောက်မျိုးတွေအကြောင်း လာမပြောနဲ့ဗျာ” သူ့စကားတွေကို ဦးစံကြီးက မနေနိုင်ဘူး။ “နေပါဦးကွ၊ ဗိုလ်ဖြစ်မှထိုင်ရတယ်ဆိုတော့ ဒီခုံက ဘာထူးခြားလို့ လဲ” ငပိန်ပြုံးသွားတယ်။ “ဟောမှာကြည့်” ဆိုပြီး ခုံရဲ့နောက်မှီကို အုပ်ထားတဲ့အဖုံးကို ဖွင့်ပြလိုက်တယ်။ အား လုံးက ငုံ့ကြည့်ပြီး “ဟင် ဒါက ရေကန်လေးပါလား” “ဟော ခုံအနောက်မှာ ရေတွေနဲ့” ခုံအနောက်မှာ ရေကန်ငယ်လေးပါတော့ အားလုံးအံ့အားသင့်ကုန် တယ်။ ငပိန်က ဆရာကြီးအထာနဲ့ “ကွမ်းစားတတ်တယ်မဟုတ်လား၊ ကွမ်းရွက်တွေ ကွမ်းသီးတွေ ဒီရေ ထဲစိမ်ထား၊ အကြာကြီးစားလို့ရအောင် စီမံထားတာ” အားလုံးကြောင်နေကြတယ်။ ဒါကို ငပိန်က “ဒါတင်ဘယ်ကမလဲဗျ၊ ဟောမှာကြည့်” ဆိုပြီး ထိုင်ခုံနေရာကို မçဖယ်လိုက်တော့ “ဟင် ဒါကြီးကလဲ ခွက်ကြီး” “ဟင် ဖင်နေရာမှာ ခွက်ကြီးဟ၊ နောက်ပြီး ဒီမှာလဲ ရေတွေနဲ့ဟ” ဆိုပြီး အားလုံးတအံ့တဩ ဖြစ်ကုန်ကြပြန်တယ်။ ဓားဖိုးဌေးက အဲ့ဒီခွက်ကြီး လက်ညှိုးထိုးပြီး “ဒါ ဒါကရော ဘာသဘောလဲ” ငပိန်က ဖိုးထေဌးကို ငတုံးတစ်ယောက် မြင်ရသလို ခပ်ထေ့ထေ့ ကြည့်ပြီး “စစ်တိုက်ရင် ပူတယ်လေဗျာ၊ ဟော့ဒီမှာကြည့်” ငပိန်က ခုနက ခုံအခင်းကို ဖြုတ်ထုတ်လိုက်တယ်။ ပြီးတော့ အဲဒီ အောက်က အဝိုင်းတစ်ခုပါ ထပ်ဖြုတ်လိုက်တယ်။ ပြီးမှ ပါကညောဖက်လှည့် ပြီး “ဦးပါကညော ဒီကိုလာ” ပါကညောကလဲ ဘုမသိ၊ ဘမသိနဲ့ ရှေ့ထွက်လာတယ်။ ဒါကို ငပိန်က ခုနခွက်က ဖြုတ်ထားတဲ့ အဝိုင်းပြားကို ပါကညောလည်ပင်းပေါ် စွပ်ပေးလိုက်တယ်။ ကွက်တိဗျ။ ပါကညောလည်ပင်းနဲ့က “ဒါက စစ်တိုက်ရင် တုတ်ပြီးဓားပြီးတဲ့စလွယ်၊ ပူတယ်မဟုတ်လား၊ ဟောဒါက ယပ်တောင်” ပါကညောရဲ့မျက်လုံးထဲ ပန်းဝါတိုက်ပွဲမှာ ဗိုလ်ထိုင်ပေါ်ထိုင်ပြီး အမိန့်ပေးနေတဲ့ စစ်သူကြီး မဟာဗန္ဓုလပုံကြီး ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာသလိုပဲ။ ဒါကို ငပိန်က ဆက်ပြီး “ဒါတင်ပဲလား၊ ဟောမှာဆက်ကြည့်” ဆိုပြီး ဗိုလ်ထိုင်နောက်က ဆွဲထုတ်လိုက်တော့ “ပိုက်ကလေးတစ်ချောင်း” အားလုံး အံ့အားသင့်ကုန်ပြန်တယ်။ “ဟင် ဒါ ဒါလေးက ဘာလေးလဲ” “ခွေခွေလေးဟ” “ဘာလုပ်တာလေးလဲ မသိဘူး” အားလုံးရဲ့အမေးကို ငပိန်က “ကဲ အားလုံးသိအောင် ရှင်းပြမယ်၊ လာ ဦးပါကညောကြီး ဗိုလ်ထိုင်ပေါ်လာထိုင်လိုက်” “အေး အေးပါကွာ၊ ထိုင်ပါ့မယ်” နဂိုထဲက ခပ်ကြောင်ကြောင်လူမိုက်ဆိုတော့ ခိုင်းတာလုပ်တယ်၊ ဒါကို ငပိန်က ခပ်လှမ်းလှမ်းကို လက်ညှိုးညွှန်ရင်း “ဟိုးမှာကြည့်စမ်း၊ တိုက်ပွဲဖြစ်နေပြီ၊ ကိုယ့်ဖက်က အထိနာနေပြီ” ပါကညောက သူပြောတဲ့အတိုင်း လိုက်လုပ်တယ်။ “ကိုယ်ကလဲ စိတ်ညစ်နေပြီ၊ မလန်းဘူးဖြစ်နေပြီ၊ အဲ့ဒါဆို အဲ့မှာ ကြည့်” ငပိန်က ပိုက်ကလေးကို ဆွဲညှစ်လိုက်တော့ “ဖလူး ဖလူး” “ဟာ ရေတွေ မျက်နှာတက်စင်ပဟ” ဆိုပြီး ပါကညော ထအော်တယ်။ ဒါကို ငပိန်က ပြုံးပြီး

August 3, 2024 472