ရန်သူက အပစ်ရပ်တယ်ပြောလည်း ပြန်တိုက်ဖို့အတွက် တစ်နေရာရာမှာ ခိုးအောင်း… — မန်ဆူအောင်မြေ — TG.ME

Forwarded fromDGDGF21News
ရန်သူက အပစ်ရပ်တယ်ပြောလည်း  ပြန်တိုက်ဖို့အတွက်  တစ်နေရာရာမှာ ခိုးအောင်း စုဖွဲ့နေမှာကတော့ အသေအချာပါ၊ တစ်ဖက်က အပစ်ရပ်လိုက်လို့ လောက်ကိုင်ကို ဗုံးသွားရမယ်အထိတော့ မပြောလိုပါဘူး။ ဒါပေမယ့် ရန်သူ စုဖွဲ့ခိုးအောင်းနိုင်တဲ့ နေရာတွေ၊ ရန်သူ့ အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်းတွေကိုတော့ စုဖွဲ့ချိန်၊ ဆောက်တည်ချိန်မရအောင် ကင်းထောက်ပြီး ဗုံးကျဲတာ ၊ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်တာမျိုးကတော့ စဥ်ဆက်မပြတ် လုပ်ဆောင်သင့်ပါတယ်။ ရန်သူလာတိုက်မှပြန်လည် ခုခံကာကွယ်နေတာထက်စာရင် ရန်သူလာတိုက်လို့ မရ အောင် ၊ ရန်သူ့ဘက် အခြေအနေဖန်တီးခွင့် မရှိအောင် ဦးနှိမ် ဦးချိုးထားသင့်ပါတယ်။

တစ်ဖက်မှာလည်း TNLA သိမ်းယူထားတဲ့ မြို့တွေဌာနချုပ်တွေ ဗုံးသွားကျဲခြင်း ဖြင့် TNLA ရဲ့ ရှေ့တိုးမယ့် ခြေလှမ်းတွေ ကို နောက်ပြန်ဆုတ်သွားအောင်ပြုလုပ်သင့်ပါတယ်။

ဘာသာမသိ ၊ တရားမရှိ ပြည်သူလူထုကို စော်ကားဖို့ပဲ သိတဲ့ ဘယ်သူပုန်နဲ့ မှ ပြည်သူတွေ အတူမနေချင်ပါဘူး။ ချေမှူန်းနိုင်သမျှ အစွမ်းကုန်ချေမှူန်းချင်းဟာ ပြည်သူလူထု ဆန္ဒအစစ်မှန်ပဲ ဖြစ်ပါတယ်။

အောင်နိုင်သူ
👍7
July 15, 2024 1.2K