ကျုပ်မိန်းမ..မလုံး.. အမြဲ မေးနေကြ.. စကား တစ်ခွန်း ရှိတယ်.. အဲ့ဒါက.. "… — မန်ဆူအောင်မြေ — TG.ME

ကျုပ်မိန်းမ..မလုံး..
အမြဲ မေးနေကြ..
စကား တစ်ခွန်း ရှိတယ်..

အဲ့ဒါက..

" တော်...ကျုပ်ကို..ဘယ်လောက်ချစ်သလဲ ?''

ဆိုတဲ့..မေးခွန်း...

ဘယ်လိုအချိန်တွေမှာ..
မေးလည်း..ဆိုရင်.

နှစ်ယောက်သား..လမ်းသွားလို့..

လမ်းမှာ..
အရမ်း RO နေတဲ့..စုံတွဲတွေ..တွေ့တဲ့အခါ..မေးတယ်..

တီဗီ ကြည့်ရင်း..
မင်းသားနဲ့ မင်းသမီး..
ကြည်နူးနေတဲ့အခန်းတွေ ပါလာရင်..မေးတယ်...

ကျုပ်လည်း..
ညားခါစတုန်းကတော့..
ပြန်ဖြေပေးပါတယ်..

မိုးလောက်ကြီး..ချစ်တယ် တို့..

ပင်လယ်ကြီးလောက်..ချစ်တယ် တို့..

စသဖြင့်..ပေါ့...

ကြာလာတော့....
သူ ဘယ်လောက်မေးမေး..
ကျုပ် ပြန်မဖြေတော့ဘူး..

မေးလာရင်...
ဘာမှ ပြန်မပြောဘဲ...
မကြားချင်ယောင်ပဲ.
ဆောင်နေလိုက်တယ်...

အဲ့သည့်အခါ
သူကလည်း..ထပ်မမေးတော့ပါဘူး..

မျက်စောင်း ထိုးပြီး..
ထ ထွက်သွားတာမျိုးပဲ..လုပ်တယ်..

ဒီလိုပဲ..
တီဗီ ကြည့်ရင်း..
လမ်းသွားရင်း...
တိုက်ဆိုင်တဲ့အခါတိုင်း
မေးတာပဲ..

ကျုပ်ကလည်း..
လူတစ်မျိုး..
မဖြေချင်ဘူးဆို..မဖြေဘူးပဲ...

ဘယ်နကြိမ် မေးမေး..
ဘယ်နခါ..မေးမေး..
မကြားချင်ယောင်ပဲ ဆောင်တယ်..
ပြန်ကို..မပြောဘူး..

ဒီလိုနဲ့
တစ်နေ့တော့ဗျာ..
တီဗီက..ဇာတ်ကားတစ်ကားထဲမှာ..
မင်းသားက မင်းသမီးကို..
ပွေ့ပြီး..ကြည်နူးနေတဲ့အခန်း..
လာပါရော..

အဲ့မှာတင်..
မလုံးတို့..တစခန်း ထ တော့တာပဲ..

" ယောကျ်ား...လုံးကိုလည်း..အဲ့လို ပွေ့ပါလားဟင်..''တဲ့

" ငင် ''

သူမို့..
ခိုင်းရက်တာဗျာ...
ပေါင် ၁၃၀ လောက် ရှိတဲ့..
သူ့ ကိုယ်လုံးကြီး.. ထ ပွေ့တော့..
ဒီကကောင်..သေရချည်ပေါ့..

ဒါနဲ့..
ဘာညာသာရကာ..
ပြန်ပြောနေရင်လည်း..
လင်မယား စကားများ..
ထ ရန်ဖြစ်နေမှာ စိုးလို့..
ကျုပ်လည်း..ခါတိုင်းလို..
မသိချင်ယောင်..မကြားချင်ယောင်ပဲ..
ဆောင်ရတာပေါ့...

ဒါပေမဲ့..
ဒီတစ်ခါတော့..
မလုံးတို့..မရတော့ဘူးဗျို့...

" ဒီမှာ..ကိုချွန် ။ ရှင့်ကို ကျမ ကြည့်နေတာ ကြာပြီ ။ ရှင် အရင်လို..ကျုပ်ကို ဂရုလည်း မစိုက်တော့ဘူး ။ ကြင်လည်း မကြင်နာဘူး ။ အဲ့ဒါ..ဘာသဘောလဲ.. ပြော..''

" ပြသနာ မရှာပါနဲ့ မိန်းမရယ် ''

" ဪ..ခုတော့..ကျုပ်က ပြသနာ ရှာတတ်တဲ့ မိန်းမကြီး ဖြစ်သွားပြီလား..ဟမ်''

" ဟောဗျာ..''

" သိပါတယ်..သိပါတယ် ။ကျုပ်က ''ဘယ်လောက် ချစ်သလဲ''..မေးတိုင်း..ပြန်ပြန် မပြောတာ ကြည့်ရင်..တော်..ကျုပ်ကို မချစ်တော့တာ..မဟုတ်လား..?''

" မဟုတ်တာကွာ..''

" တော်ပြီ..တော်ပြီ ။ ကျုပ်.. တော်နဲ့ မပေါင်းတော့ဘူး ။ ကိုယ့်ကို မချစ်တော့တဲ့ယောကျ်ားဆီမှာတော့..ခခယယ.. မနေနိုင်ဘူး ။ ပြန်မယ် ပြန်မယ်..''

" ဟောဗျာ..''

မလုံးက..
ပြောပြောဆိုဆို..
အထုပ်တွေ ဆွဲလို့..
သူ့အမေအိမ်..ပြန်ဖို့ကို..
လုပ်တော့တာဗျ...

ဒီတော့လည်း
ကျုပ်မှာ..မနေသာဘူး..

" မိန်းမရယ်...။ နေရင်း ထိုင်ရင်း မင်း..ဘာ ထဖြစ်တာတုန်း ။ မင်းကို မချစ်ဘူးလို့..ဘာကြောင့် ထင်ရတာတုန်း ''

" ဘာကြောင့်..ထင်ရမလဲ ။ ကျုပ်မေးတိုင်း..ရှင်က..ကျုပ်ကို ဘာမှမှ..ပြန်မပြောတာ...''

" ဟ..ပြန်မပြောဘူး ဆိုကတည်းက..။.အဲ့ဒါ..မင်းကို..ပြောမပြတတ်အောင်..ချစ်လို့ပေါ့ ကွ..''

" ရှင်...''

ဘာပြောကောင်းမလဲ..
မလုံးတစ်ယောက်..
အထုပ်ကြီး ပစ်ချပြီး..
ကျုပ်က..ဝုန်းကနဲ ပြေးဖက်တော့တာဗျို့...😁

😁😁😁😁😁😁😁😁

အဲ့ဒါပဲ...
မိန်းမ...ဆိုတာ....

#လူချွန်တော်
via-zin bo
📸fb
🪶
မလုံးပုံတော့လိုင်းမကောင်းလို့မတင်တော့ဘူးဗျီုံ့…🤗
👍31❤7🤗5🙊1
July 17, 2024 5.3K 2 3