IEC လူငယ်ရေးရာဌာန၏ လစ်လပ် နေရာများအတွက် ဝန်ထမ်းများခေါ်ယူ ကရင်နီ ၊… — သတင်းစကား — TG.ME

IEC လူငယ်ရေးရာဌာန၏ လစ်လပ် နေရာများအတွက် ဝန်ထမ်းများခေါ်ယူ

ကရင်နီ ၊ ဧပြီ ၂၂

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) လူငယ်ရေးရာဌာနတွင် လစ်လပ်နေသည့် နေရာ( ၁၃)ခုအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း IEC ကဧပြီလ (၁၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

IEC လူငယ်ရေးရာဌာနအတွက် အထွေထွေညွှန်ကြားရေးမှူး -( ၁)ဦး၊ ညွှန်ကြားရေးမှူး -( ၅)ဦး၊လူ့အရင်းအမြစ်စီမံခန့်ခွဲရေး ဒု-ညွှန်ကြားရေးမှူး-( ၁)ဦး၊စာရင်းကိုင်- (၅)ဦးနှင့် Logistic officer(ရုံးအကူ)- (၁)ဦးစသည့် (၁၃)နေရာ လစ်လပ်နေကြောင်း ဖော်ပြထားသည်။

အဆိုပါနေရာများအတွက် လျှောက်ထားလိုသူများသည် CV ကိုယ်ရေးအကျဥ်း၊ထောက်ခံစာ( ၂)စောင်ကို အီးမေးနှင့်အတူ လူငယ်ရေးရာဌာနရုံး (သို့မဟုတ်) IEC ၏ email သို့ ၂၀၂၅ ခုနှစ်၊ မေလ(၅)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ဆိုထားသည်။

ထိုသို့လျှောက်ထားသူများအနေဖြင့် ကွန်ပျူတာ၊စာစီစာရိုက်၊အီးမေးနှင့် အင်တာနက်ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ၊ လုပ်ငန်းအတွေ့အကြုံရှိသူ၊လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့များနှင့် နေရာဒေသမရွေးတာဝန်ထမ်း ဆောင်နိုင်သူဖြစ်ရမည်ဟု ဖော်ပြထားသည်။

KPV News
Photo-IEC

#KarenniPeoplesVoice #IEC #လူငယ်ရေးရာ #ဝန်ထမ်း #ခေါ်ယူ
🔥1
April 23, 2025 764