ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ(၁)ကျန်းမာရေးဌာန (၅.၆.၂၀၂၅)ရက်နေ့ ကြေငြာချက် အခြေခံကျန်းမာရေးဝန်ဆာင်မှုအတွက် သင်တန်းသားခေါ်ယူခြင်း ၁။ ပြည်ထောင်စုမြန်မာနိုင်ငံ၊ အထူးဒေသ(၁)၊ကျန်းမာရေးဌာနမှ ဦးစီး၍ ဒေသတွင်း လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်မှုရှိစေရန်အတွက် ရည်ရွယ်၍ အောက်ဖော်ပြပါ သင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ ၂။ သင်တန်းများမှာ အခမဲ့ဖြစ်ပြီး တတ်ရောက်သူများ၏ နေရေး၊ စားရေး များကို အထူးဒေသ(၁)၊ကျန်းမာရေးဌာနမှ တာဝန်ယူပေးမည်ဖြစ်ပါသည်။ ဖွင့်လှစ်သင်ကြားပေးမည့်သင်တန်းများ (က) သူနာပြုအကူသင်တန်း ( Nursing Assistant Course) (ခ) ဆေးဝါးအကူသင်တန်း ( Pharmacy Assistant Course) (ဂ) ဓာတ်ခွဲခန်းအကူသင်တန်း ( Medical Laboratory Assistant Course) (ဃ) ဓာတ်မှန်အကူသင်တန်း ( X-ray Technician Assistant Course) သင်တန်းကာလမှာ (၉)လဖြစ်ပြီး သင်တန်းတက်ရောက်စဉ်အတွင်း ချမှတ်ထားသော သင်တန်းစည်းကမ်းများကို လိုက်နာရမည်။ မိမိသဘောအရ သင်တန်းဆက်လက် မတက်ရောက်ပါက သတ်မှတ်ထားသော လျော်ကြေးပေးဆောင်ရမည်။ သင်တန်းတက်ရောက်လိုသူများအတွက် လျောက်ထားရန်အချက်များ ပညာအရည်အချင်း - အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့် ရှိရမည်ဖြစ်ပြီး အသက် (၁၆) နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ရမည်။ လူဦးရေ ကန့်သတ်ထား၍ အင်တာဗျူးဖြင့် ရွေးချယ်မည် ဖြစ်ပါသည်။ လျှောက်လွှာပိတ်မည့်ရက် - ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၅) ရက် သင်တန်းတက်ရောက်ပြီး အောင်မြင်ပြီးပါက အထူးဒေသ(၁) ကျန်းမာရေးဌာနမှ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။ ၎င်းသင်တန်းဆင်းလက်မှတ်ဖြင့် အထူးဒေသ(၁) အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများနှင့် မဟာမိတ်အဖွဲ့အစည်းများ၏ ဆေးရုံ၊ ဆေးခန်းများတွင် အလုပ်လျှောက်ထားနိုင်ပါသည်။ ၎င်းသင်တန်းဆင်းလက်မှတ်သည် အထူးဒေသ(၁)အတွင်း ဖွင့်လှစ်မည့် ကျောင်းများ၊ ကောလိပ်များ တက်ရောက်ရာတွင် အထောက်အကူပြုမည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ဖော်ပြပါ Telegram Channel တွင် လျှောက်ထားရမည်ဖြစ် ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁) ကျန်းမာရေးဌာန
ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ(၁)ကျန်းမာရေးဌာန (၅.၆.၂၀၂၅)ရက်နေ့… — သတင်းစကား — TG.ME
June 6, 2025 943 7