၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ်… — သတင်းစကား — TG.ME

Forwarded fromBEBECA Public FAQ
"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ၏ Registration ပိတ်သိမ်းရန်ကာလ (၁၅) ရက်အလို ကြိုတင်ထပ်မံ အသိပေးနှိုးဆော်ခြင်း 📢📢📢

ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်မီသတိပြု သိရှိဆောင်ရွက်နိုင်ပါရန် ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။

Grade 12 BECA (စနစ်သစ် ဒွါဒသမတန်း) Registration လျှောက်ထားရမည့် Link >> (https://mes.moeedu.org)

၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)သည် ‌၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည် ဖြစ်ပါသဖြင့် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့ အထိဖြစ်ပါ၍ လျှောက်ထားနိုင်သည့်ကာလသည် (၁၅) ရက်သာ ကျန်ရှိတော့ပါကြောင်း ကြိုတင်တိုက်တွန်း ထပ်မံနှိုးဆော်အပ်ပါသည်။ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် (၃၀.၄.၂၀၂၅) ‌ရက်‌နေ့ ၊ ည(၁၂) နာရီ နောက်ဆုံးထား၍ BECA စနစ်သစ် ဒွါဒသမတန်း Registration ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

#NUGMOE
#Grade12
#BECAစနစ်သစ်ဒွါဒသမတန်းRegistration
#BasicEducationCompletionAssessment
#MBEH
#MyanmarBasicEducationHome
👍1
April 16, 2025 660 1