ကိုရီးယားအသတ်ပေါင်းနည်းအခြေခံ
အရင်ပို့စ်မှာပြောခဲ့သလို ကိုရီးယားစာ အခြေခံစာလုံးပေါင်းနည်းက (ဗျည်း+သရ+အသတ်) ပဲဖြစ်ပါတယ်
(Consonants+vowel+consonants)
ပဲဖြစ်ပါတယ်
'물'(ရေ) --- ㅁဗျည်း ၊ ㅜသရ ၊ ㄹအသတ်
(မူလ်)လို့အသံထွက်ပါတယ် 'မ' နဲ့ 'အူ' နဲ့ကို ပေါင်းရေးရင် 무(မူ) ဖြစ်ပါမယ်
အဲ့တာကိုသရရဲ့အောက်မှာ အသတ်(နောက်ထက်ဗျည်းတစ်လုံး) ထက်ထည့်လိုက်ရင် 물(မူလ်) ဖြစ်သွားပါမယ်
'ㄹ' = 'လ်' ဖြစ်ပါတယ်
eg..
한(ဟါန်)
하=ဟာ ၊ ㄴ=န် ၊ 한=ဟါန်
။။။။။။။
절(ဂျောလ်)
저=ဂျော ၊ ㄹ=လ် ၊ 절=ဂျောလ်
ဒါကအခြေခံပုံစံပါ အသတ်သံကိုရဖို့အတွက် ဗျည်းသရပေါင်းစပ်ပုံလေးကို အရင် သေချာရ ထားဖို့တော့လိုပါမယ်နော် 🩷
အသတ်သံ အဖွဲ့ လေးတွေကို နောက်ပိုစ့်မှာသေချာလေးရှင်းပြပေးပါမယ်🫶
လေ့ကျင့်မှုရစေရန် ကိုယ့်ဘာသာအခြားစကားလုံးလေးတွေနဲ့တွဲပီးအသံစမ်းထွက်ကြည့်ပါရှင့် မှား"မှန်" ဘာမှမဖစ်ပါဘူးနော် လေ့ကျင့်မှရတာပိုသိသာမှာပဲ ဖစ်ပါတယ်
နားမလည်တာရှိရင်လာမေးနိုင်ပါတယ်
#let_learn_together_korean
#for_korean_learner #korean #owner_chan #Chan