Let's learn English: post #2779 — TG.ME

“ NIPAH VIRUS ” 🦠

Nipah Virus ဆိုတာဘာလဲ ❓

Nipah virus (NiV) ဟာ အလွန်ပြင်းထန်တဲ့ ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) အသက်ရှူလမ်းကြောင်းပြဿနာများ ကို ဖြစ်စေနိုင်ပါတယ်။ အချို့ကအခြေအနေတွေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။
▶️ ပထမဆုံးတွေ့ရှိခဲ့တာက ၁၉၉၈ ခုနှစ် ၊ မလေးရှားနိုင်ငံ မှာပါ။

Nipah Virus ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်း

အဓိက သယ်ဆောင်သူကတော့
🦇 Fruit bats ( Flying fox / လင်းနို့) ဖြစ်ပါတယ်။ လင်းနို့တွေမှာ (ဗိုင်းရပ်စ်) ရှိနေပေမယ့် ကိုယ်တိုင်တော့ မနာမကျင်ပါဘူး။ ဒါပေမယ့် လူနဲ့ တိရစ္ဆာန်တွေကို ကူးစက်စေနိုင်ပါတယ်။

🔄 ဘယ်လိုကနေ ကူးစက်နိုင်လဲ
Nipah virus က နည်းလမ်းအမျိုးမျိုးနဲ့ ကူးစက်နိုင်ပါတယ်
။


လင်းနို့ → လူ

လင်းနို့နဲ့ ထိတွေ့ခြင်း
လင်းနို့အညစ်၊ ဆီး၊ အမြှုပ်တွေပါတဲ့
သစ်သီးများကို မလျော်ကန်စွာစားသုံးခြင်း လင်းနို့ဆီးနဲ့ ညစ်ညမ်းနေတဲ့
အုန်းရည် (Raw date palm sap) သောက်သုံးခြင်း ။..........။

လင်းနို့ → တိရစ္ဆာန် → လူ

လင်းနို့ကနေ ကူးစက်ထားတဲ့
ဝက်၊ မြင်း စတဲ့ တိရစ္ဆာန်တွေကို ကိုင်တွယ်ခြင်း တိရစ္ဆာန်နာလျက်သား၊ အသားစိမ်းကို ထိတွေ့ခြင်း ။..........။

လူ → လူ

Nipah လူနာနဲ့ နီးကပ်ထိတွေ့ခြင်း
လူနာရဲ့ အမြှုပ် ၊ဆီး ၊ သွေး ၊ အသက်ရှူလမ်းကြောင်းအရည်များ
ကို မကာကွယ်ဘဲ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ် ။..........။

⚠️ အထူးသဖြင့် ဆေးရုံ၊ မိသားစုအတွင်း ကူးစက်မှုများတွေ့ရတတ်ပါတယ်။

ဖြစ်တတ်တဲ့ လက္ခဏာများ အစပိုင်းမှာ ဖျားခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကိုယ်လက်ကိုက်ခဲခြင်း ၊ မောပန်းခြင်း ၊ နောက်ပိုင်းမှာ မူးဝေခြင်း ၊ အိပ်မပျော်၊ စိတ်ရှုပ်ထွေးခြင်း ၊ အသက်ရှူကြပ်ခြင်း ၊ သတိလစ်ခြင်း ၊ ကိုမာဖြစ်ခြင်း ။ ။

⚠️ အချိန်မှီ မကုသနိုင်ရင်
အသက်ဆုံးရှုံးနိုင်ပါတယ်
❗️

ဘယ်လိုကာကွယ်နိုင်လဲ
❔

လက်ရှိအချိန်ထိ Nipah virus အတွက် ကာကွယ်ဆေးမရှိသေးပါ။
🚫
အထူးကုသဆေးလည်း မရှိသေးပါ။
☄️
ဒါကြောင့် ကာကွယ်ခြင်းက
အရေးကြီးဆုံးပါ ။
✔️

ကိုယ်တိုင်ကာကွယ်ရန်
👇

လင်းနို့ကို မကိုင်မတွယ်ပါနဲ့။
လင်းနို့ကိုက်ထားနိုင်တဲ့ သစ်သီးတွေ မစားပါနဲ့။သစ်သီးတွေကို သေချာဆေးပြီးမှ စားပါ။ အုန်းရည် (raw sap) ကို မသောက်ပါနဲ့။ (သို့မဟုတ်) ပြုတ်ပြီးမှ သောက်ပါ။
တိရစ္ဆာန်နာလျက်သား၊ အသားစိမ်းကို မထိပါနဲ့။ လူနာနဲ့ ထိတွေ့ရင် လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ။ Mask၊ လက်အိတ် စတဲ့ ကာကွယ်ရေးပစ္စည်းတွေ အသုံးပြုပါ။
လူနာရဲ့ ကိုယ် ခန္ဓာကိုတွေကို အကာအကွယ်မပါဘဲ မထိပါနဲ့။
⚠️


Nipah virus ဟာ အလွန်အန္တရာယ်ရှိတဲ့ (ဗိုင်းရပ်စ်) တစ်မျိုးဖြစ်ပါတယ်။
လူနဲ့လူနဲ့ လူကြား ၊ လူနဲ့တိရစ္ဆာန်ကြားဖြစ်တဲ့အတွက် သန့်ရှင်းမှုကိုအထူးဂရုစိုက်ကြပါခင်ဗျာ ကျွန်တော်တို့မြန်မာနိုင်ငံကိုမရောက်လာသေးဘူးဆိုပေမယ့် COVID-19 လိုမဖြစ်ရအောင် ကျွန်တော်တို့ ကြိုတင်ကာကွယ်ဖို့တော့လိုပါလိမ့်မယ်။ ဒါကြောင့် အပြင်သွားရင် Mask လေးတပ်သွားကြဦးနော်။ ကာကွယ်ဆေးမရှိသေးလို့ သန့်ရှင်းရေးနဲ့ သတိထားမှုက အရေးကြီးဆုံးဖြစ်ပါတယ်ဗျာ။
✅


#Nipahvirus
#healthy
#Own_Sharing
#Save_World
#Myanmar
#𝐘𝐚𝐦
❤3
January 28, 2026 2.1K 2