လူတစ်ယောက်ရဲ့ အကျင့် ၊ ဗီဇ ဒီအချက်တွေ ကိုယ်ကဘယ်လောက်ပဲပြုပြင်" ကိုယ်ကဘယ်လောက်ပဲ ခွင့်လွှတ်ပေး" ဒီလူကဒီအချိုးပဲဆိုရင်စွန့်လွှတ်လိုက်ပါ။ ဘယ်လောက်ပဲမေတ္တာရှိရှိ ဘယ်လောက်ပဲချစ်နေပါစေ ဥယျာဉ်မှုးဘယ်လောက်ပဲ ရေလောင်းပေါင်းသင်းနေပါစေ။ မျိုးစေ့မမှန်ရင် ပန်းမပွင့်ဘူး။အသီးမသီးဘူး။ဆိုတာကို ကိုယ်ကမှတ်ထားဖို့လိုလိမ့်မယ်။ မျှော်လင့်နေတဲ့အရာသည် အမှောင်ထဲ ခဲ ပစ်ရသလို ထိချင်လဲထိမယ်မထိချင်လဲမထိဘူး ဘယ်လောက်ပဲပစ်ပစ် ထိချင်မှလဲ ထိလိမ့်မယ် ကိုယ့်အတွက် 100%မှာ 5% တောင်မသေချာတဲ့ အရာပါ။ အဲ့အတွက်ကြောင့် ကိုယ်တွေးထားသင့်တဲ့အရာက ခွင့်လွှတ်မှုသည် အတိုင်စအတားတစ်ခုထိဖြစ်သော်ဌားလည်း ဒီလူက ငါနဲ့တွေ့လို့ပြောင်းလဲလာတဲ့ဆိုတဲ့စကားက အဲ့လူကိုယ့်ကိုယ်ကိုယ်လိမ်နေတာပဲဖြစ်လိမ့်မယ် မလိမ်ရင်တောင်သူ့ဘဝကို ကိုယ့်အတွက်100% လောက်တော့သူမပြောင်းလဲပေးနိုင်ဘူး။ခွင့်လွှတ်မှုထပ်ကျော်လွန်သွားတဲ့အခါ လမ်းခွဲခြင်းဖြစ်တဲ့ စွန့်လွှတ်ခြင်းကို စတင်ကြုံရပါတယ်။ နောက်ထပ် သေချာတာတစ်ခုက ကိုယ့်အတွက်မကောင်းတဲ့လူတစ်ယောက်ကို သေချာပေါက် လက်လွှတ် စွန့်လွှတ်လိုက်တာသည် အရှင်ဆန္ဒဓိက ရဲ့ တရားတွေထဲကမှ တရား ခေါင်းစဉ်တစ်ခုဖြစ်တဲ့ “ လမ်းခွဲခြင်းသည် ဝမ်းနည်းစရာမဟုတ်ပါ ” အဲ့စကားအတိုင်းပဲ ကိုယ့်ဘဝမှာကိုယ့်အတွက်မကောင်းတဲ့သူတစ်ယောက်ကို လက်လွှတ်လိုက်တာသည် ဝမ်းနည်းစရာမဟုတ်ပါ သူ့ထပ် ပိုမိုကောင်းတဲ့သူကို ကိုယ့်စီကို Warmly Welcome လုပ်တာနဲ့တူတူပါပဲ။ လမ်းခွဲတိုင်း ငိုယို စိတ်ညစ် ဝမ်းတည်း ခံစားနေရတဲ့ အရာကိုမဖြစ်စေချင်ဘူး တခါတခါ လမ်းလွဲခြင်းက ကောင်းတာတွေဖြစ်လာလို့ဆိုတာလဲ မမေ့ထားပါနဲ့။ ကိုယ့်ဘယ်လောက်ပြောပြော ကိုယ်ဘယ်လောက်ပဲ ခွင့်လွှတ်နေပါစေ အကျင့်ဆိုးတွေ မပြောင်းလဲလာတဲ့လူတစ်ယောက်အတွက် မခံစားပါနဲ့။ မဝမ်းနည်းပါနဲ့။ လမ်းခွဲသင့်ရင်...လမ်းခွဲပေးရမှာပါပဲ....။ အဲ့အတွက် “ လမ်းခွဲခြင်းသည် ဝမ်းနည်းစရာမဟုတ်ပါ ” ။ ။ #𝐘𝐚𝐦
Let's learn English: post #2770 — TG.ME
November 28, 2025 1.2K 8