Let's learn English: post #2769 — TG.ME

တစ်ခါတော့က ကျွန်တော် Social Media သုံးနေရင်း စပ်မိစပ်ရာပေါ့
စာသားလေးတစ်ခုတက်လာတယ်။

ဘာစာသားလေးဆိုတော့ သူက ဗုဒ္ဓမြတ်စွာဘုရား‌လဲ့ဟောခဲ့တယ် တရားပွဲတွေလဲ အသိပညာပေးဆိုပြီးထည့်ထည့်ဟောကြတယ်။

“ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကို သူက ပြန်လှန်တုံ့ပြန်မှုမရှိရင် ကိုယ့်စီပဲပြန်လာတက်တယ်ဆိုတဲ့စကားရယ် "
“ စကားတစ်ခွန်းက တန်ပြန်သက်ရောက်မှုရှိတယ် "

ဒီဟာလေးကိုစောန ကျွန်တော်စာလုပ်နေရင်းအတွေးပေါ်မိသွားတယ်ဗျာ့

တစ်ယောက်ယောက်က ကျွန်တော့်တို့ကို ကောင်းတာတွေပြောသည်ဖြစ်စေ မကောင်းတာတွေပြောသည်ဖြစ်စေ ကောင်းတဲ့စကားဆို ကျွန်တော်တို့တွေလက်ခံပြီး ပြန်ပြောတက်ကြတယ်မလား အကယ်၍ မကောင်းတာတွေလာပြောတာမျိုးဆိုရင်လဲ မယူတက်ဖို့လိုတယ်ဆိုတာလေး တစ်ချက်ပြန်သတိရမိတယ်။ ကောင်းတာတွေလာပြောတဲ့အခါ တုံ့ပြန်သကဲ့သို့ မကောင်းတာတွေလာပေးတဲ့အခါမှာလဲ မတုံ့ပြန်နိုင်ဖို့လိုတယ်ဗျာ့ ။ အကယ်၍ ကိုယ်ကမကောင်းတာကို ပြန်တုံ့ပြန်မိရင် မကောင်းတာကြီးကို ကိုယ်ကနေလက်ခံလိုက်တယ်လို့သဘောထားသက်ရောက်တယ်။ ဘာလို့ဆို ကိုယ့်ကိုယ်မကောင်းတာလာပြောမှန်းလဲသိတယ် ကိုယ်ကအဲ့တာကိုပြန်တုံ့ပြန်မိရင် ကိုယ်က အဲ့သူ‌ပေးတဲ့မကောင်းတာကိုလက်ခံလိုက်တာနဲ့တူတူပဲဗျာ့။

ကျွန်တော်တို့တွေက ကောင်းတဲ့အရာတွေကိုလဲ လက်ခံနိုင်တက်သလို မကောင်းတာတွေကိုလဲ မယူတက်ဖို့လိုတယ် ။ မကောင်းတာ လာ‌ ပြောရင်တောင် ငါကအဲ့လိုလူမျိုးမှမဟုတ်တာ ငါမှမဟုတ်နေတာ အဲ့လိုစိတ်မျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် confident ရှိရှိချတက်ဖို့လိုပါတယ်။

ဆိုတော့ ပြောချင်တာ ကောင်းတဲ့အရာတွေကိုလက်ခံနိုင်သလို မကောင်းတဲ့အရာတွေကို မယူမိစေပါနဲ့။ မကောင်းတဲ့အရာကိုလက်မခံပဲမတုံ့ပြန်ရင် ပေးတဲ့သူပဲ ပြန်ရတာပါ ပျောက်ပြယ်သွားတဲ့စကားဆိုတာမရှိပါဘူး။ ကိုယ်ကလက်မခံနိုင်ရင် အဲ့စကားက သူ့စီမှာပဲ နေနေတာပါ အဲ့တာမလို့ မယူမိကြပါစေနဲ့။

ကိုယ်မယူသရွေ့ ပြန်မတုံ့ပြန်သရွေ့ ၊ သူ့စကားကိုလက်မခံသရွေ့ ပေးတဲ့သူစီမှာပါပဲ။


ဒီလောက်ပါပဲ စာလုပ်နေရင်းစိတ်ကူးလေးပေါ်လာလို့ထရေးလိုက်ရပါတယ်။
📩

-YamSallKhem
✅

1️⃣1️⃣➗1️⃣1️⃣

Message 4>u

#𝐘𝐚𝐦
❤9🍓2
November 21, 2025 1.2K 3