HIV ရှိတိုင်း AIDS ဖြစ်မှာလား? 🤔 HIV ရှိတယ်ဆိုတာနဲ့ AIDS ဖြစ်သွားမှာ မဟုတ်ပါဘူး။ ❤️ HIV ကို စောစောသိရှိပြီး ART ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်သုံးမယ်ဆိုရင် HIV ပိုး ခန္ဓာကိုယ်တွင်း ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာ ထိန်းထားနိုင်ကာ AIDS အဆင့် ရောက်ရှိနိုင်ခြေကို လျော့ချပေးနိုင်ပါတယ် ။ ဆေးကို ပုံမှန်သောက်မယ် ဆိုရင် ပိုးကောင်ရေ စက်နဲ့စစ်ဆေးတဲ့အခါ သွေးထဲမှာ HIVပိုး ရှာမတွေ့တော့သည့် အခြေအနေ U=U အခြေအနေ ဖြစ်သွားနိုင်ပါတယ် ။ U=U အခြေအနေဖြစ်ပြီဆို လိင်ဆက်ဆံရာမှတစ်ဆင့် အခြားသူများထံသို့ HIV ပိုး မကူးစက်နိုင်တော့ပါ ။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1467444858745883&set=a.478883447602034
August 18, 2026 2.2K 2