SexမိSexရာ: post #658 — TG.ME

ART သောက်နေသူအချင်းချင်း အကာကွယ်မဲ့ ဆက်ဆံလို့ရလား❓ ဆေးသောက်နေတာပဲ၊ ပိုးကောင်ရေလည်း မရှိတော့ဘူး …. ကွန်ဒုံးသုံးဖို့ မလိုတော့ဘူးလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ နှစ်ယောက်လုံး ART သောက်နေပေမယ့် ကွန်ဒုံးကို ဆက်သုံးသင့်တဲ့အချက် သုံးချက်ရှိပါတယ် ။ ၁ ။ မျိုးမတူပိုးတွေ ထပ်ကူးစက်နိုင်ခြင်း HIV ပိုးအမျိုးအစားတွေမတူရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထပ်ကူးစက်နိုင်ပြီး ပိုးကောင်ရေကို မြင့်တက်စေနိုင်ပါတယ် ။ ၂ ။ ဆေးယဉ်ပါးပိုး ကူးစက်နိုင်ခြင်း မိမိရဲ့ ပါတနာက ဆေးသောက်ရက် မမှန်လို့ ဆေးယဉ်ပါးပိုး ရှိနေမယ်ဆိုရင် အကာကွယ်မဲ့ဆက်ဆံတဲ့အခါ မိမိကိုယ်ပါ ဆေးယဉ်ပါးပိုး ကူးစက်နိုင်ပြီး ကုသဖို့ခက်ခဲသွားနိုင်ပါတယ် ။ ၃ ။ အခြား လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများ ကူးစက်နိုင်ခြင်း ART ဆေးက အခြားလိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ (ဆစ်ဖလစ် ၊ ဂနို ၊ ရေယုန်) စတဲ့ ရောဂါတွေကို မကာကွယ်နိုင်တဲ့အတွက် ကွန်ဒုံးကို အသုံးပြုဖို့လိုအပ်ပါတယ် ။ HIV နဲ့ အခြားလိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေနဲ့ ပတ်သတ်ပြီး လုံခြုံစိတ်ချစွာ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် Messenger မှာ အခမဲ့လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။

July 8, 2026 719 1