KNDF တော်လှန်ရေးခရီးကြမ်း – လေးနှစ်ပြည့် ဓာတ်ပုံမှတ်တမ်း
ခက်ခဲမှု၊ ပင်ပန်းမှုနဲ့ မပြည့်စုံခြင်းတို့ကစတင်ခဲ့တဲ့ KNDF တော်လှန်ရေးခရီးဟာ အခုတင်လေးနှစ်ပြည့်ခဲ့ပါပြီ။ ဒီလေးနှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ KNDF တပ်ဖွဲ့ဟာအခြားမဟာမိတ်တွေနက်အတူ ပြည်သူ့အခွင့်အရေးအတွက် ရဲရင့်စွာ တော်လှန်ခဲ့ပြီး ဆက်လက်တော်လှန်နေစဲလည်းဖြစ်ပါသည်။
ခရီးလမ်း ကြမ်းနက်သော်လည်း၊ ဆက်လက်ပြီး ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ် တာဝန်ကြီးထဲမှာ ကျွန်တော်တို့ KNDF ရဲဘော်တွေဟာအခြားမဟာမိတ်အဖွဲ့များ နှင့် မစွန့်စဲနိုင်တဲ့ တာဝန် နဲ့ အတူ မျှော်လင့်ချက်တစ်ခုကိုဖန်တီးနေကြပါတယ်။ အနာဂတ်အတွက်၊ ပြည်သူ့အခွင့်အရေးအတွက်၊ အမျိုးသားလွတ်မြောက်ရေးအတွက် ကျွန်တော်တို့အဖွဲ့သားတစ်ဦးချင်းစီဟာ ရဲရဲဝံ့ဝံ့ နက် ဆက်လက်တော်လှန်သွားမည်ဖြစ်ပါသည်။
ဒီကနေ့အထိ KNDF ကို စိတ်ဝင်စားအားဖြည့်ကူညီလာတဲ့ ပြည်တွင်းပြည်ပ ရှိ အလှူရှင်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။ သူတို့ရဲ့ ကူညီထောက်ပံ့မှု ယုံကြည်မှုတွေက ဒီတော်လှန်ရေးရဲ့တည်မြဲမှုကို အခြေခံအင်အားဖြစ်စေခဲ့ပါသည်။
9
3May 31, 2025 973







