KNDF တပ်ရင်း (၅) တည်ထောင်ခြင်း (၄) နှစ်ပြည့်… — KNDF B-05 official — TG.ME

KNDF တပ်ရင်း (၅) တည်ထောင်ခြင်း (၄) နှစ်ပြည့် တော်လှန်ရေးရဲဘော်များအတွက် အားပေးမှု၊ အလှူအတန်းများနှင့် လက်တွေ့ထောက်ပံ့မှုများကို မရပ်မနား ဆက်လက်ပေးဆပ်ခဲ့ကြသော အလှူရှင်များ၊ ပြည်သူလူထုအားလုံးအား KNDF တပ်ရင်းအမှတ် (၅) မှ လေးစားဂုဏ်ပြုပါသည်။ မိတ်ဆွေတိုင်း၏ အားတက်သလျော်ထည့်ဝင်ပေးသော အလှူများနှင့် မျှော်လင့်ချက်များသည် တော်လှန်ရေးခရီးတွင် အမြဲတမ်း အင်အားဖြစ်နေပြီး၊ ကျွန်ုပ်တို့၏ အိမ်ပြန်လမ်း မှာ မည်မျှပင်ခက်ခဲနေပါစေ အကောင်းဆုံး လုပ်ဆောင်နိုင်စေရန် အားဖြည့်လှုပ်ရှားမှုဖြစ် စေပါသည်။ 👉 မျှော်လင့်ချက်မရှိသော ခရီးဆိုတာ မရှိသလို၊ မိတ်ဆွေတိုင်း၏ ထောက်ပံ့မှုမရှိဘဲ တော်လှန်ရေး ပြည့်စုံနိုင်မည်မဟုတ်ကြောင်း မိမိတို့ တပ်ရင်း က သေချာသတိပြုထားပါသည်။ 🙏 “မျှော်လင့်ချက်” campaign အတွက်လည်း မိတ်ဆွေတိုင်းရဲ့ အားပေးထောက်ပံ့မှုနဲ့ လှူဒါန်းမှုတွေ ဆက်လက်ပေးပို့ကူညီပေးကြဖို့ KNDF တပ်ရင်း (၅) မှ ပြည်သူလူထုအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ ✊ “မျှော်လင့်ချက်” campaign ဖြင့် အားလုံးအတူတူလက်တွဲကာ တော်လှန်ရေးအောင်မြင်ရေး၊ အိမ်ပြန်လမ်း ပြည့်စုံရေးကို ဆက်လက်တိုးတက်အောင် ပြုလုပ်ကြပါစို့။ #KNDF # B.05 4 နှစ်ပြည့် #မျှော်လင့်ချက်_Campaign

July 8, 2025 959 1