ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် (၅) မှ တာဝန်ထမ်းဆောင်သော ရဲဘော် တစ်ဦး ကျဆုံးခြင်း။
၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် KNDF တပ်ရင်းအမှတ် (၅) မှ တာဝန်ထမ်းဆောင်သော ရဲဘော် ငဲပုသည် တာဝန်မှချိန်တွင် ကျန်းမာရေးအခြေအနေဆိုးရွားမှုများကြောင့် တာဝန်မှပြန်လည်နားယူနေစဉ် ကျဆုံးခဲ့ပါသည်။
ရဲဘော် ငဲပုသည် တော်လှန်ရေးလှုပ်ရှားမှုအပေါ် မိမိသက်တမ်းနှင့်အတူ ကြိုးစားအားထုတ်ခဲ့ပြီး KNDF တပ်ရင်းအမှတ် (၅) မှ ပေးအပ်သည့် တာဝန်များအားလုံးကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ထိုအပြင် ၎င်း၏ နောက်ဆုံးတာဝန်များတွင်လည်း မိမိ၏ လက်ရုံးရည်၊ နှလုံးရည်နှင့် အသက်ရှင်တိအထိ တာဝန်ယူမှုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် အလွန်လေးစာဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။
ဆက်လက်ပြီး မိမိတို့ KNDF တပ်ရင်းအမှတ် (၅) မှလည်း ကျန်ရှိသူ မိသားစုဝင်များအားလုံးနှင့်အတူ ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားရင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
KNDF တပ်ရင်းအမှတ် (၅)
14
1May 1, 2025 1.3K





