(၂၆)ရက်နေ့KNDFထံသို့ ထွက်ပြေး၍ ခိုလှုံလာသော စစ်ကောင်စီတပ်သား (၄ )ဦးထဲမှ(၂ )ဦးမှာ ၎င်းတို့၏ အတွေ့အကြုံနှင့်အတူ တပ်ထဲတွင် ရောက်ရှိခဲ့ပုံအချို့ကို ပြောပြထားပြီး ထိုတပ်သားများ၏ ပြောပြချက်အရ ကျွန်တော်တို့ တပ်ထဲဝင်တာ စိတ်ပါလို့ ဝင်ခဲ့တာမဟုတ်ပါဘူး။ အစကတည်းက တပ်ထဲ ဝင်ဖို့ စိတ်ကူးမရှိခဲ့ဘူး ဟု ပြောဆိုခဲ့ကြသည်။၎င်းတို့ထဲမှတစ်ဦးမှာ ညဖက်အလုပ်မှ ပြန်လာစဉ် စစ်ကောင်စီတပ်ဖက်မှ အတင်းအဓမ္မဖမ်းစီးခံခဲ့ရကြောင်း၊ မိမိပိုင်ဆိုင်ရာပစ္စည်းများ သိမ်းဆည်းခံရပြီး အတင်းအဓမ္မတပ်ထဲသို့ ပို့ဆောင်ခံခဲ့ရကြောင်း ပြောပြလာပြီး တပ်ထဲမှာ သင်တန်းတက်စဉ် ပြေးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီအကြိမ် ပြေးလာနိုင်တာ နှစ်ကြိမ်မြောက်ပါ ဟုပြောဆိုပါသည်။ ထို့အပြင် ၎င်းတို့ (၂)ဦးလုံးမှ တပ်ထဲမှာမူးယစ်ဆေးဝါးသုံးစွဲမှုများတယ် " ဟု ပြောပြလာခဲ့ပြီး ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် များအား တပ်တွင်း ကျန်ရှိနေသေးသော တပ်သားများကို မိမိတို့နှင့်အတူ ပူးပေါင်းလာရန် ဖိတ်ခေါ်လိုပါသည်။ စစ်ကောင်စီ၏ ဖိနှိပ်မှုများနှင့်အတင်းအဓမ္မလုပ်ဆောင်မှုမှလွတ်မြောက်ရန်၊ပြည်သူပြည်သားများနှင့် စည်းလုံးညီညွတ်ပြီး တကယ်မှန်ကန်သောလမ်းစဥ်ကို ရွေးချယ်ကြပါ ဟု လည်း တိုက်တွန်းထားကြပါသည်။
10
3March 31, 2025 1.2K 1