သောကြာနေ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို လာလီဂါပွဲစဥ်ဖြစ်တဲ့… — Tips Channel — TG.ME

သောကြာနေ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို လာလီဂါပွဲစဥ်ဖြစ်တဲ့ အလာဗက်စ်-ဗီလာရီးရဲလ် ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။

အလာဗက်စ်က အိမ်ကွင်းကစားအားကောင်းသလို တိုက်စစ်ပိုင်းကလည်း အခွင့်အရေးတွေဖန်တီးနိုင်စွမ်း မြင့်မားပါတယ်။

အဖွင့် ၂ပွဲမှာလည်း ဂီတာဖေးကိုနိုင်၊ ဗယ်လီကာနိုကို သရေနဲ့ရလဒ်ကောင်းပိုင်ဆိုင်ထားပါတယ်။.

အဓိကက တိုက်စစ်နဲ့ ကွင်းလယ်ကစားသမား အားလုံးနီးပါး ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်လာနိုင်တာကလည်း အလာဗက်စ်အိမ်ကွင်းခြေစွမ်းကို ပိုကောင်းစေဦးမှာပါ။

ဗီလာရီးရဲလ်က ၂ပွဲဆက်သရေနဲ့ ရာသီအဖွင့်ရလဒ်မကောင်းပါဘူး။ တိုက်စစ်က ဂိုးသွင်းခြေရှိပေမယ့် ခံစစ်ပိုင်းက ဂိုးပေးရတာများလို့ ရလဒ်တွေ မငြိမ်မသက် ဖြစ်နေတယ်ဆိုရင်လည်း မမှားပါဘူး။

ဂျူအန်ဖွိုက်နဲ့ ဗေဂါတို့ခံစစ် အမှားများနေပုံနဲ့ အခုပွဲမှာလည်း သေချာပေါက်ဂိုးပေးရဦးမှာပါ။

မိုရီနိုနဲ့ မီကောတက်ဇီတို့တိုက်စစ်ကတော့ လုပ်အားနှုန်းကောင်းကောင်းနဲ့ ဂိုးသွင်းခြေထက်ဆဲမို့ ဂိုးမရမှာတော့မပူရပါဘူး။

ဒါကြောင့် အခုလိုပွဲစဥ်မျိုးမှာ အပြန်အလှန် သွင်းဂိုးတွေမြင်ရနိုင်တာမို့ ဂိုးအပေါ်ပဲ ရွေးထားချင်ပါတယ်။

ရွေးချယ်မှု (အလာဗတ်စ် ဂိုးပေါ်)
August 28, 2026 29