တနင်္လာညအတွက် တစ်ကွက်ကောင်းကို လာလီဂါက ရွေးချယ်ထားပြီး ဘာစီလိုနာနဲ့ ဗယ်လီကာနိုတို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။
ချန်ပီယံကာကွယ်မယ့် ဘာစီလိုနာရဲ့ရာသီအစခြေစွမ်းကတော့ တကယ့်ကို ကြောက်စရာပါ။
လာလီဂါအဖွင့် ၂ ပွဲစလုံးကို ပေးဂိုးမဲ့ နိုင်ထားပြီး ၂ ပွဲစလုံးမှာ သူတို့ရဲ့ ဂိုးမျှော်မှန်းနိုင်ခြေ(xG)က 4.0 စီကျော်ပါတယ်။
ဘီလ်ဘာအိုနဲ့ပွဲမှာဆိုလည်း ပြိုင်ဘက်ဂိုးသမားယူနိုင်းဆိုင်မွန် အထူးလက်စွမ်းပြခဲ့လို့ ဖြစ်ပြီး နို့မိုဆို ၂-၀ မကနိုင်ပါဘူး။
နည်းပြသစ်နဲ့ ဗယ်လီကာနိုကတော့ ရာသီအစ တိုင်ပတ်နေသလို ကွင်းပြသနာ၊ လူစာရင်းပြသနာတွေနဲ့ပါ။
အထူးသဖြင့် ပထမဂိုးသမား ဒဏ်ရာရသွားလို့ ဈေးကွက်ထဲမှာ ဂိုးသမား အပူတပြင်းလိုက်ရှာနေပါတယ်။
ဒီအတိုင်းဆို ပြီးခဲ့တဲ့ရာသီတုန်းကလို ဘာစီလိုနာ အခက်တွေ့အောင် ဗယ်လီကာနို ထပ်လုပ်နိုင်ဖို့ မလွယ်တော့ဘူး။
အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၄ ပွဲစလုံးမှာလည်း ဘာစီလိုနာဟာ ပေးဂိုးမဲ့ခဲ့ပါတယ်။
ပြင်းရှတဲ့ဖွင့်လှစ်မှုနဲ့အတူ ဒီတစ်ကြိမ် အိမ်ကွင်းမှာတော့ ဗယ်လီကာနိုကို ဘာစီလိုနာ ဂိုးမိုးရွာနိုင်မှာပါ။
ရွေးချယ်မှု - ဘာစီလိုနာ

August 31, 2026 18