Everything about Manipulation and Psychology: post #487 — TG.ME

Everything about Manipulation and Psychologyကိုယ့်ရဲ့စိတ်ကို ပျက်ဆီးအောင် ပြုလုပ်နေတဲ့ အပြုအမူများ အော်ငေါက်ခံရခြင်း "ဦးနှောက်ဟာလူတွေနဲ့တူညီတယ် ( အပြုအမူ၊ ဖြေရှင်းနည်း နှင့် ခံယူချက်များ )။ အန္တရာယ်ရှိလာတဲ့အချိန်ကြရင် ထိုအန္တရာယ်ကို ဘယ်လိုခုခံရမလဲဆိုတာကိုပဲတွေးပါတယ်။ ထိုအန္တရာယ်က ဘယ်ကလာသလဲ၊ ဘယ…
နှိုင်းယှဥ်ခံရခြင်း နှင့် မကောင်းတဲ့‌ေ၀ဖန်သံများ ခဏ''ကြားရခြင်း

"ဒီဟာကတော့ နားလည်မှုလွဲခြင်းကနေ ဖြစ်ပေါ်လာတယ်လို့ပဲဆိုရမယ်ဗျ။

လူကြီးတွေထင်လိုက်တာက၊ ကျတော်တို့ကို ဒီလိုပြောလိုက်ခြင်းက မခံချင်စိတ်တွေဖြစ်ပေါ်လာပြီး ခွန်အားတွေအဖြစ်ပြောင်းကာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာစေမယ်ဆိုတာပါ။

သူတို့ထည့်မတွေးမိလိုက်တာက လူတိုင်းမဟုတ်နေဘူးဆိုတာနဲ့၊ ဘယ်အချိန်မှာ ဒီလိုပြောသင့်လဲဆိုတာကိုပါ။

ကလေးအရွယ်လေးပဲရှိသေးတဲ့ သူတစ်ယောက်ကို "မင်းကစာအတော်ညံ့တာပဲ နင်နဲ့အရွယ်တူတဲ့ ငါ့သူငယ်ချင်းသားလေးဆိုရင် ကျောင်းမှာ အဆင့်တစ်တွေကြီးပဲရတာ။ နင့်ကိုသူ့ချေးကျွေးရမယ် ( မာသားကြီးများ လက်သုံးစကား )။" လို့ပြောလိုက်ခြင်းက အရမ်းကိုနူးညံ့လွန်းတဲ့အရွယ်ဖြစ်နေတာကြောင့် ထိုကလေးက လူကြီးတွေမျှော်မှန်းထားတဲ့ result ပြုလုပ်မှာထပ် ထိုကလေးက ငါဒီလိုညံ့ရတာကြောင့် ငါ့အမေမျက်နှာပျက်ရတယ်ဆိုပြီး သူ့ကိုယ်သူမုန်းသွားတာမျိုးအဖြစ်များပါတယ်။

ဒီလိုငယ်စဥ်ဘ၀က အဖြစ်ပျက်တွေကြောင့် အသက်ရွယ်ကြီးလာတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေပျောက်ဆုံးပြီး ပြိုင်ဆိုင်သင့်တဲ့နေရာမှာ မပြိုင်ဆိုင်ရဲ၊ အမှားလုပ်မိမှာဆိုရိန် ကြတာတွေကော ဖြစ်လာတတ်ပါတယ်။

ဖြေရှင်းနည်းကတော့ အပြောခံလိုက်ရတဲ့ စကားလုံးတွေအားလုံးကို မေ့ပြစ်လိုက်ပြီး အာရုံစိုက်နိုင်မည့် အရာတစ်ခုခုကိုပြုလုပ်နေလိုက်ပါ။ ဥပမာ- ဂိမ်းဆော့တာ၊ သီချင်းနားထောင်တာ သို့မဟုတ် စာရေးတာတို့ပါ။ "


#jerry
#psychology_explanation
❤6
February 16, 2026 324 4