Everything about Manipulation and Psychology: post #486 — TG.ME

ကိုယ့်ရဲ့စိတ်ကို ပျက်ဆီးအောင် ပြုလုပ်နေတဲ့ အပြုအမူများ

အော်ငေါက်ခံရခြင်း

"ဦးနှောက်ဟာလူတွေနဲ့တူညီတယ် ( အပြုအမူ၊ ဖြေရှင်းနည်း နှင့် ခံယူချက်များ )။

အန္တရာယ်ရှိလာတဲ့အချိန်ကြရင် ထိုအန္တရာယ်ကို ဘယ်လိုခုခံရမလဲဆိုတာကိုပဲတွေးပါတယ်။ ထိုအန္တရာယ်က ဘယ်ကလာသလဲ၊ ဘယ်လိုဆိုးကျိုးပြုနိုင်လဲ၊ ဘယ်လိုကာကွယ်ထားသင့်လဲဆိုတာကို အချိန်တစ်ခုယူကာ စဥ်းစားနေမှာမဟုတ်ပါဘူး။

ဒါကြောင့် လူတစ်ယောက်က ကိုယ့်ကိုယ် အော်ငေါက်လိုက်တဲ့အခါဆိုရင် ဦးနှောက်က ခဏတာရပ်သွားပြီး၊ ခုခံကာကွယ်တဲ့စနစ်ကိုပြောင်းသွားတတ်ကြတာကြောင့် စဥ်းစားတွေးခေါ်နိုင်တဲ့ နှုန်းတွေဟာ ရော့ကျလာတတ်ပါတယ်။

ဖြေရှင်းနည်းကတော့ အော်ငေါက်မခံရအောင် အတတ်နိုင်ဆုံးကျိုးစားတာပါပဲ။ ဥပမာ - လှည့်ထွက်လာလိုက်တာတို့၊ နားပိတ်ထားလိုက်တာတို့ပါ။ အဲ့လိုလုပ်လို့ အရိုက်ခံရရင်တော့ တစ်ခုကိုလိုချင်ရင် တစ်ခုခုကိုပေးဆပ်ရမယ်ဆိုတဲ့ အဆိုကိုပဲ ခေါင်းထဲထည့်ထားလိုက်ပါဗျ။ "
❤3
February 16, 2026 264 5