ကောင်းကင်က ကျလာတဲ့ ငရဲသားလေး
IMDb: 6.1/10
ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားလင်မယားနှစ်ယောက်ဆီကိုအာကာသယာဉ်နဲ့အတူ ကလေးလေး တစ်ယောက် ပါလာခဲ့တယ်။သူတို့ အဲဒီကလေးကို မွေးစားခဲ့တယ်။အခြားဂြိုလ်က လာတဲ့ ဒီကလေးဟာ ကမ္ဘာသားတွေနဲ့မတူပဲ ထူးခြားတဲ့အစွမ်းတွေရှိနေခဲ့တယ်။ ဒီဇာတ်လမ်းမျိုး ထပ်ခါထပ်ခါ ကြားဖူးကြမှာပါ။ဒါဟာ စူပါမန်းရဲ့ ဇာတ်လမ်းပါပဲ။အခြားဂြိုလ်က လာတဲ့ စွမ်းအားရှင်လေးဟာ ကမ္ဘာကြီးကို ကာကွယ်သူဖြစ်လာခဲ့တယ်ပေါ့။တကယ်လို့ အဲဒီလိုအစွမ်းနဲ့ လူတစ်ယောက်ကဆိုးသွမ်းသွားရင် ဘာတွေဖြစ်လာမလဲ။ကမ္ဘာကြီးကို ကာကွယ်မယ့်အစား ဖျက်ဆီးဖို့ကြိုးစားရင် ဘာဖြစ်လာမလဲ။ဒီမှာ ကြည့်ရမှာပါ။စာတန်းထိုးအပြီးမှာ အခန်းအပိုပါ ပါသေးတယ်။စောင့်ကြည့်ဖို့မမေ့ပါနဲ့။အခြား ဟီးရိုးတွေရဲ့ အရိပ်အယောင်ကိုပါ မြင်ရပါလိမ့်မယ်။
Forwarded fromSupport Channel

4September 4, 2026 2.1K 4