သတင်းထုတ်ပြန်ချက် 📣 တန်ဖိုးကြီး အိမ်ခြံမြေဝယ်ယူမှုနှင့် ပတ်သက်၍ မင်းအောင်လှိုင်မိသားစုနှင့် အားပေးကူညီသူများအား စုံစမ်းစစ်ဆေးရန် နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ထိုင်းအာဏာပိုင်များအား JFM တောင်းဆို
တရားမဝင် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုသည် ၂၀၂၂ ခုနှစ်တွင် ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်လုံးကို ဝယ်ယူခဲ့ကြောင်း Justice For Myanmar ၏ စုံစမ်းစစ်ဆေးမှုအသစ်တစ်ရပ် အရသိရသည်။
အဆိုပါအိမ်ရာဝယ်ယူမှုကို မင်းအောင်လှိုင်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု ဒုတိယနှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်သည် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတဝှမ်း ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို အရှိန်အဟုန်မြှင့် ကျူးလွန်နေချိန်ဖြစ်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးနှိပ်စက်မှုများ၊ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်မှုများနှင့် ထိုင်းနိုင်ငံအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံများသို့ အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးစေမှုများကို ကျူးလွန်နေချိန်ဖြစ်သည်။
ထိုအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော Emerald Princess Company Limited ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုင်းကုမ္ပဏီမှတ်ပုံတင် မှတ်တမ်းများ၊ မြေယာမှတ်တမ်းများ၊ အများပြည်သူသိရှိနိုင်သော သတင်းအချက်အလက်များနှင့် လျှို့ဝှက်သတင်းရင်းမြစ်များအား ဆန်းစစ်သုံးသပ်မှုများအပေါ် အခြေခံ၍၊ Emerald Princess ကုမ္ပဏီသည် ဝယ်ယူသူ၏ အချက်အလက်များကို ဖုံးကွယ်ရန်နှင့် နိုင်ငံခြားသားမြေပိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေကို ရှောင်ရှားနိုင်ရန်တို့အတွက် Charn Issara ၏ ပံ့ပိုးကူညီမှုဖြင့် အိမ်ရာပိုင်ဆိုင်မှုများ မလွှဲပြောင်းမီ တစ်ပတ်အလိုတွင်မှ တည်ထောင်ခဲ့သော မင်းအောင်လှိုင်မိသားစု၏ ကြားခံရုပ်ပြကုမ္ပဏီတစ်ခုဖြစ်ကြောင်း Justice For Myanmar က ကောက်ချက်ချနိုင်ခဲ့သည်။
ထိုဝယ်ယူမှုကို မည်သည့်နိုင်ငံ၏ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်ခံထားရခြင်းမရှိသေးသော မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ သူမ၏အမည်အား အသုံးပြုခြင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် မည်သည့်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်မခံရသေးသော မျိုးရတနာထိုက်နှင့် မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ကြူကြူလှတို့အား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ချို့ယွင်းချက်ကယ်ပေါက်များအား ပိတ်ဆို့သင့်သည်။
ပိုမိုသိရှိရန် ⤵️
✅ မင်းအောင်လှိုင် မိသားစု ထိုင်းအိမ်ခြံမြေဝယ်ယူမှုနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှု မြန်မာဘာသာကို ဖတ်ရှုရန် 👉🏽 https://buff.ly/zzjrCDs
မင်းအောင်လှိုင် မိသားစု ထိုင်းအိမ်ခြံမြေဝယ်ယူမှုနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှု အင်္ဂလိပ်ဘာသာကို ဖတ်ရှုရန် 👉🏽 https://buff.ly/GT2LVAX
✅ သတင်းထုတ်ပြန်ချက်ကို ဖတ်ရှုရန် 👉🏽 https://buff.ly/V5ZjLJQ
#WhatsHappeningInMyanmar #JusticeForMyanmar















