ပြင်ဦးလွင်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ တိုးချဲ့ တည်ဆောက်မှုနှင့်… — Hlaing Info — TG.ME

ပြင်ဦးလွင်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ တိုးချဲ့ တည်ဆောက်မှုနှင့် မင်္ဂလာဒုံ စစ်တပ်အရိုးဆေးရုံ တိုးချဲ့ ဆောက်လုပ်မှုများအတွက် တင်ဒါလုပ်ပိုင်ခွင့်ကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံကိုပင် တပ်ချုပ်သစ်ရဲဝင်းဦးက ချထားပေးပြန်

စက်တင်ဘာ ၇ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ စစ်မှုထမ်းအိမ်ရာ တိုးချဲ့ တည်ဆောက်မှုနှင့် မင်္ဂလာဒုံ စစ်အရိုးဆေးရုံ တိုးချဲ့ ဆောက်လုပ်မှုများအတွက် တင်ဒါဆောက်လုပ်ခွင့်ကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံကိုပင် တပ်ချုပ်သစ်ရဲဝင်းဦးက ချထားပေးကြောင်း  အဆိုပါ တင်ဒါလုပ်ငန်းများနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပြင်ဦးလွင် အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းဟောင်းအိမ်ရာများကို 
ဘဏ္ဍာရေးနှစ်အလိုက်တိုးချဲ့လျက်ရှိရာ ယင်းတိုးချဲ့သော လုပ်ငန်းများအတွက် အကြမ်းဖက် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကိုပင်ချထားပေးလိုက်ကြောင်း သိရှိရသည်။

ယင်းအပြင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်အရိုးဆေးရုံ တိုးချဲ့သည့် လုပ်ငန်းများကိုလည်း အောင်ပြည့်စုံ၏ Sky One Construction ကိုပင် ထပ်မံ ချထားပေးခဲ့ကြောင်း၊ အဆိုပါစစ်တပ်အိုးဆေးရုံ၏ မူလ ၅ ထပ်အဆောင်တိုးချဲ့မှုကိုလည်း Sky One ဆောက်လုပ်ရေးကပင် ရရှိခဲ့ပြီး အဆိုပါ ၅ ထပ် ဆောင် ပြီးစီးခဲ့ပြီဖြစ်သော်လည်း တွဲလုပ်ကိုင်ခဲ့သော ဆပ်ကန်ထရိုက်တာများကို ငွေမရှင်းပေးသေးကြောင်း သိရှိရသည်။

"ကျိုင်းတုံလေဆိပ်လိုပဲ ရန်ကုန်မှာရှိတဲ့  မင်္ဂလာဒုံ ၅ ထပ်စစ်တပ် အရိုးဆေးရုံလည်း ငွေအပြည့်မရှင်းသေးဘူး" ဟု Sky One ဆောက်လုပ်ရေးနှင့်တွဲဖက်လုပ်ကိုင်နေသော ဆပ်ကန်ထရိုက်တာသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို သူ၏ လူယုံတပည့် ရဲဝင်းဦးကို လွှဲပေးအပ်ထားပြီး ဖြစ်သော်လည်း လက်ရှိအချိန်အထိ စစ်တပ်နှင့်ပတ်သက်သော ဆောက်လုပ်ရေး ပရောဂျက်နှင့်စီမံကိန်းများကို အောင်ပြည့်စုံသာပင် ဆက်လက်ရရှိနေဆဲပင်ဖြစ်ကြောင်း သိရှိရသည်။

အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One ဆောက်လုပ်ရေးက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ရဟတ် ယာဉ် ဆင်းနိုင်သည့် အမှတ် ၁ စစ် ဆေးရုံကြီး(ခုတင် ၁၀၀၀) အထူးကုသမှု စင်တာကိုလည်း  မင်းအောင်လှိုင် တပ်ချုပ်ဘ၀တွင်ပင် ဆောက်လုပ်ခွင့်ရရှိခဲ့သည်။

ယင်းအပြင် ပြင်ဦးလွင်ရှိ စစ်တပ်ပိုင် ကုတင် ၇၀၀  ကင်ဆာစစ်ဆေးရုံကိုလည်း အောင်ပြည့်စုံပင် လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

မင်းအောင်လှိုင်၏သား အောင်ပြည့်စုံသည် ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် ကုမ္ပဏီများစွာကို နာမည်မျိုးစုံဖြင့် လုပ်ငန်းပေါင်းများစွာနှင့် တင်ဒါလုပ်ပိုင်ခွင့်များစွာကို လုပ်ကိုင်နေသည်။

#KTM
#HlaingInfo
👎30🤬9❤7😁4🔥3
September 7, 2026 2K 6