ထားဝယ်ရေနက် ဆိပ်ကမ်း နယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို… — Hlaing Info — TG.ME

ထားဝယ်ရေနက် ဆိပ်ကမ်း နယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရရှိ

ဩဂုတ်လ ၂၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ရေနက် ဆိပ်ကမ်း နယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေအတွင်းရှိ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးကာ အများအပြားလည်း ထိခိုက်ဒဏ်ရာရများရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA1 သေနတ် ၆ လက်၊ MA3 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၁ ခုနှင့် ကျည် ၂၀၀ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလူးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (DEF)၊ ကိုမြတ်သူအဖွဲ့ နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ရေးအရှိန် ပိုမိုမြှင့်တင် ဆောင်ရွက်လျက်ရှိသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တပ်ဖွဲ့များနှင့် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ အမြန်ဆုံး ချိတ်ဆက်၍ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးအရှိန် တိုးမြှင့်နေသည့် ကာလဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေး အထူးသတိပြု သွားလာနေထိုင်ကြရန်နှင့် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့်အတွက် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထား လိုက်နာကြပါရန် DNLA က တိုက်တွန်း ထုတ်ပြန်ထားသည်။

#KTM
#HlaingInfo
❤45👍19👏7😁2😢1
August 29, 2026 2.6K 5