မြန်မာနိုင်ငံတွင် သမဝါယမစနစ် ပြန်လည်အားကောင်းလာစေရေး သမဝါယမအသင်းများကို မင်းအောင်လှိုင်က ပြန်လည်ဖွဲ့စည်းခိုင်းပြီး နှစ် ၂၀ စီမံကိန်းတစ်ရပ်ရေးဆွဲ အကောင်အထည်ဖော်မည်
ဩဂုတ်လ ၂၉ ရက်
မြန်မာနိုင်ငံတွင် သမဝါယမစနစ် ပြန်လည်ရှင်သန်အားကောင်းလာစေရေးအတွက် တစ်နိုင်ငံလုံးရှိ သမဝါယမအသင်းများ၏ အမှုဆောင်အဖွဲ့များကို ပြန်လည်ဖွဲ့စည်းရန် စစ်ခေါင်း ဆောင် မင်းအောင် လှိုင်က ညွှန်ကြားထားပြီး အသက်အရွယ် ၇၀ ကျော်နေသော အမှု ဆောင်များကို ဖယ်ရှားကာ ပညာ တတ်ဘွဲ့ရ လူငယ်များဖြင့် အစားထိုးရွေးချယ်ခန့်အပ်ရန် ညွှန်ကြားထားကြောင်း သမဝါယမဝန်ကြီး ဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်နှင့် ကျေးရွာအဆင့် သမဝါယမအသင်းများအပါ အဝင် သမဝါ ယမအသင်းများ၏ လက်ရှိအမှုဆောင်အဖွဲ့များကို ပြန်လည်ဖျက်သိမ်း၍ အမှု ဆောင်အသစ်များ ပြန်လည်ရွေးချယ်ဖွဲ့စည်းရန် သက်ဆိုင်ရာမြို့နယ် သမဝါယမဦးစီးဌာန တာဝန်ရှိသူများက အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း သိရှိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ သမဝါယမအသင်းများတွင် နှစ်ပေါင်းများစွာ တာဝန်ယူနေပြီး အသက်အရွယ်ကြီးရင့်နေသည့် အမှုဆောင်များကို ဖယ်ရှားကာ လူငယ်များ၊ အထူးသဖြင့် တက္ကသိုလ်ဘွဲ့ရ ပညာတတ်လူငယ်များကို အစားထိုးရွေးချယ်ရန် အဓိကထား ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“သမဝါယမဝန်ကြီးဌာနဘက်ကို ညွှန်ကြားထားတာက ရပ်/ကျေးအဆင့် သမဝါယမအသင်း တွေရဲ့ အမှုဆောင်တွေထဲမှာ အသက် ၇၀ ကျော်နေသူတွေကို ဖယ်ရှားပြီး လူငယ်ဘွဲ့ရတွေကို အစားထိုးရမယ်ဆိုတာပါ။ အခု တစ်နိုင်ငံလုံးက သမဝါယမအသင်းတွေမှာ ရှိနေတဲ့ အမှုဆောင်အဖွဲ့တွေကို ပြန်လည်ပြင်ဆင်ပြီး အသစ်ပြန်ရွေးချယ်ဖို့ သက်ဆိုင်ရာ မြို့ နယ် သမဝါယမဦးစီးအရာရှိတွေက ဆောင်ရွက်နေရပါတယ်” ဟု သမဝါယမဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိဌာနများက မြန်မာနိုင်ငံတွင် သမဝါယမစနစ် ပြန်လည်ရှင်သန်အားကောင်းလာစေရေးအတွက် နှစ် ၂၀ စီမံကိန်းတစ်ရပ် ရေးဆွဲရန်လည်း ပြင်ဆင်နေကြောင်း သိရှိရသည်။
ယင်းနှစ် ၂၀ စီမံကိန်းရေးဆွဲရေးနှင့်ပတ်သက်၍ တိုင်းနှင့်ပြည်နယ်အဆင့် ရုံးများမှတစ်ဆင့် မြို့နယ်အသီးသီးထံ အချက်အလက်များ၊ လက်ရှိသမဝါယမလုပ်ငန်း အခြေအနေများနှင့် အနာဂတ်စီမံကိန်းများကို စုဆောင်းတင်ပြရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ “ရက် ၁၀၀ စီမံချက်” အောင်မြင်မှုများကို ဖော်ပြနိုင်ရေးအတွက် သမဝါယမလုပ်ငန်းများနှင့်ပတ်သက်သည့် အကောင်အထည်ဖော်မှုစာရင်းများ၊ လုပ်ငန်းရလဒ်များနှင့် အောင်မြင်မှုအချက်အလက်များကို မြို့နယ်များထံမှ အလျှင်အမြန် တောင်းခံနေကြောင်း သိရှိရသည်။
“အခု တိုင်းရုံးတွေကတစ်ဆင့် မြို့နယ်တွေကို သမဝါယမစနစ် ပြန်လည်အားကောင်းလာရေး နှစ် ၂၀ စီမံချက်အတွက် အချက်အလက်တွေ တောင်းနေပါတယ်။ နောက်တစ်ဖက်မှာလည်း ရက် ၁၀၀ စီမံချက်အတွက် အောင်မြင်မှုတွေ ပြသနိုင်ဖို့ စာရင်းတွေ၊ ရလဒ်တွေကို ဆက်တိုက်တောင်းခံနေပါတယ်။ အဓိကကတော့ သမဝါယမစနစ်ကို ပြန်လည်အသက်သွင်းနေတယ်ဆိုတဲ့ ပုံစံမျိုး ဖော်ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်” ဟု သမဝါယမဝန်ကြီးဌာန သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အတွင်း ကြက်ဥ ၁လုံးလျှင် ငွေကျပ် ၇၀၀ စျေးပေါက်ချိန် သမဝါယမ အသင်းများကို ကြက်ဥများကို ကြက်ခြံများမှ သွား ရောက်ဝယ်ယူ၍ ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၅၅၀ ဖြင့် အရှုံးခံရောင်းချရန် ညွှန်ကြားခဲ့သည်။
#KTM
#HlaingInfo

63
14
5
1
1
1August 29, 2026 2.7K 9