ချည်တစ်မျှင်၊ စိတ်ကူးတစ်ခု ❞ Event လမ်းညွှန် 🛣️… — HYPEN Organization — TG.ME

❝ ချည်တစ်မျှင်၊ စိတ်ကူးတစ်ခု ❞ Event လမ်းညွှန် 🛣️

ကိုယ်ချစ်ရတဲ့သူတွေကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဖန်တီးထားတဲ့ လက်ဆောင်ကိုမှ ပေးချင်ပါတယ်ဆိုတဲ့ Hypers🎓 လေးတို့အတွက် Hypen က ❝ ချည်တစ်မျှင်၊ စိတ်ကူးတစ်ခု ❞ Event လေး စီစဉ်ပေးထားတယ်ဆိုတာ အားလုံး သိပြီးလောက်ပြီလို့ ထင်ပါတယ်🧵

ဒါဆိုရင် ချည်မျှင်တွေနဲ့ ရစ်ပတ်နွယ်ယှက်ပြီး ကိုယ့်စိတ်ကူးလေးတွေကို အကောင်အထည် ဖော်ချင်‌ပေမဲ့ Event လေးကို ဘယ်လိုသွားရမလဲဆိုတာ သေချာမသိသေးတဲ့ Hypers🎓 လေးတို့အတွက် Hypen က အချိန်မီ ရောက်ရှိလို့လာပါပြီနော်။

Event လေးရဲ့ တည်နေရာကတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်က ရွှေဂုံပလာဇာရဲ့ အပေါ်ဆုံးထပ်မှာရှိတဲ့ 𝗬𝗦𝗦𝗪 (𝗬𝗮𝗻𝗴𝗼𝗻 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗦𝗼𝗰𝗶𝗮𝗹 𝗪𝗼𝗿𝗸) လေးပဲ ဖြစ်ပါတယ်။

📌 Event လေးနဲ့ ကိုယ် ဘယ်မှတ်တိုင်မှာ လွဲခဲ့ကြတာလဲဆိုပြီး မဖြစ်ချင်တဲ့ Hypers🎓 လေးတို့အနေနဲ့ ရွှေဂုံတိုင်မှတ်တိုင်‌မှာ ဆင်းရမှာပါနော်။ မှတ်တိုင်လေးဆီ ရောက်ပြီဆိုရင်တော့ ကုန်းတံတားနားကို အရောက်လာပြီး ရွှေဂုံပလာဇာကို ရှာရမှာပါ။ ရွှေဂုံပလာဇာကို ရောက်တာနဲ့ အပေါ်ဆုံးထပ်က Hypen တို့နဲ့ ဆုံဖို့ရာ ခြေလှမ်း ၁၀၀ လုံး နီးစပ်သွားပါပြီ Hypers🎓 လေးတို့ရေ။

ဒါနဲ့ ဒီ Event လေးမှာ အနုပညာတွေ အတူတူ ဖန်တီးဖို့ရာ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ Registration Form ကော ဖြည့်ပြီးကြပြီလားနော်။ မဖြည့်ရသေးရင်တော့ Deadline မတိုင်ခင်မှာ အပြေးလေး ဖြည့်ထားလိုက်ပါ။

ဒါဆိုရင် Hypen နဲ့အတူ လက်မှုပညာတွေ ဖန်တီးဖို့ရာ အဆင်သင့်ဖြစ်နေပြီလား Hypers🎓 လေးတို့ရေ။

🪡 𝗛𝘆𝗽𝗲𝗻 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

🪡 𝗛𝘆𝗽𝗲𝗻 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/hypenedu

🪡 𝗛𝘆𝗽𝗲𝗻 𝗧𝗶𝗸𝘁𝗼𝗸 𝗔𝗰𝗰
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz

#ContentWriterbyPNandShune
#VideobyTheTeam
#VideoEditingbyY
#Hypen_Org
#Embroidery
#ချည်တစ်မျှင်စိတ်ကူးတစ်ခု
❤12
August 26, 2026 497 2