သောကြာကြယ်လေးအတွက် မွေးနေ့ဆုတောင်း
ပျော်စရာ ဝမ်းနည်းစရာ
တဖန်တလဲ ကြုံရတဲ့လောကထဲ
နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်းပန်းတွေပဲ
သောကြာကြယ်ကလေးရဲ့ ပန်းခင်းထဲ
ဝေဝေဆာဆာ ပွင့်ပါစေ။
မမြဲခြင်းတွေနဲ့ဒီလောကထဲ
ကို့အသည်းကို အပ်နှင်းထားပါတယ်
မင်းနင်းလျှောက်တဲ့ ခြေလှမ်းတိုင်း
ပန်းတွေ ခင်းပေးထားမယ့်သူဟာ
ကိုပဲ အမြဲဖြစ်ပါရစေ။
အမြဲတောက်ပနေတဲ့ ကြယ်လေးဟာမင်းဖြစ်ပြီး
အမြဲဘေးကရပ်တည်ပေးနိုင်တဲ့
ကောင်းကင်လေးဟာလည်း ကိုပဲဖြစ်ပါရစေ
နေ့ရက်တိုင်းက လှပပြီး
ဘဝတစ်ခုလုံး တောင့်တသမျှပြည့်ပါစေ။
တစ်ခါတစ်ခါ
မထင်ရင်မထင်သလို စိတ်ဆိုးစိတ်ကောက်တတ်တဲ့
သောကြာကြယ်ကလေးရေ
မင်းရောက်ရာအရပ်မှာ
စိတ်ကောက်စရာရင်ခွင်ဟာ
ကိုပဲ အမြဲဖြစ်ရပါစေ။
သောကြာကြယ်မွေးနေ့ရှင်လေးရေ
သောကမှန်သမျှ ဝေးပါစေ
ပြောသမျှ လိုသမျှ ပြည့်ပါစေ
စိတ်ကူးထားသမျှ အရာထင်ပါစေ
ကို့ရင်ခွင်မှာလည်း အမြဲဆိုးနိုင်ပါစေ။
-ထွန်းဟိန်းယံ
