အူတတ်အောင်ရယ်ရမဲ့အင်ဒိုဟာသရုံတင်သရဲကားသစ် ဇာတ်လမ်းက ၁၉၇၀… — 𝗠𝗼𝘃𝗶𝗲 𝗪𝗼𝗿𝗹𝗱 𝗖𝗵𝗮𝗻𝗻𝗲𝗹🍿 — TG.ME

📱အူတတ်အောင်ရယ်ရမဲ့အင်ဒိုဟာသရုံတင်သရဲကားသစ်

ဇာတ်လမ်းက ၁၉၇၀ ပြည့်လွန်နှစ်တွေဆီက အင်ဒိုနီးရှားရွာလေးတစ်ရွာမှာ စတာပါ။ ရွာထဲမှာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေသလို၊ တစ်ဖက်မှာလည်း ချောမောလှပတဲ့ မုဆိုးမလေး
မင် (Mince) ရဲ့နှလုံးသားကိုရရှိဖို့ ရွာထဲက အမျိုးသားတွေအချင်းချင်း အပြိုင်အဆိုင် ပြဿနာတက်နေကြတာပါ။

ဩဇာ၊ အာဏာနဲ့အချစ်ကို ရရှိဖို့အတွက် ပိုက်ဆံနဲ့အနိုင်ယူချင်ကြတဲ့ ရွာသားတွေဟာ မြန်မြန်ဆန်ဆန် ချမ်းသာချင်တဲ့လောဘဖုံးလာပြီး ရိုဂျန် (Rojan) ဆိုတဲ့ စုန်းကဝါဆရာဆိုးဆီကို သွားရောက် အကူအညီ တောင်းခံကြပါတော့တယ်။

စုန်းဆရာရဲ့ အမှောင်နည်းလမ်းတွေကြောင့် ပိုက်ဆံခိုးတဲ့ သရဲစိမ်းကလေး (Tuyul) ၊ သင်္ချိုင်းဝတ်ရုံဖြူပတ်ထားတဲ့ သရဲ (Pocong) နဲ့ ဝက်အဖြစ်အသွင်ပြောင်းပိုက်ဆံရှာတဲ့သရဲ (Babi Ngepet) ဆိုတဲ့ အင်ဒိုနီးရှားရိုးရာသရဲဆိုးတွေက ရွာထဲမှာ ပေါ်ထွက်လာပါတော့တယ်။ အကျိုးဆက်အနေနဲ့ ရွာလေးတစ်ရွာလုံး ပရမ်းပတာဖြစ်ပြီး သရဲခြောက်ခံရတာရော၊ ဟာသဆန်ဆန် သွေးရူးသွေးတန်းဖြစ်တာတွေရော ကြုံတွေ့ကြရတာကို ဟာသနှောပြီး ရိုက်ပြထားတာ ဖြစ်ပါတယ်။

✅Main Channel Link---⬇️⬇️⬇️⬇️

📎🤩 https://t.me/addlist/zX9tzSYZ02kyYzNl

✅ကြည့်ရန်လင့် ⬇️⬇️⬇️⬇️

📎🤩 https://t.me/horror1817/1680

🚨🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨
August 31, 2026 1.2K 3