Netflix ကနေ အသစ်စက်စက် ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယ အက်ရှင်… — 𝗠𝗼𝘃𝗶𝗲 𝗪𝗼𝗿𝗹𝗱 𝗖𝗵𝗮𝗻𝗻𝗲𝗹🍿 — TG.ME

‼️Netflix ကနေ အသစ်စက်စက် ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယ အက်ရှင် သည်းထိတ်ရင်ဖို ဇာတ်ကားသစ်ကြီး "Gandhari" ကို ပြန်လည်ရေးသား ညွှန်းဆိုပေးလိုက်ပါတယ်။ ဒီကားမှာတော့ မိခင်တစ်ယောက်ရဲ့ သမီးဇော၊ နာကျင်မှုနဲ့ ဒေါသတွေကို အကြမ်းတမ်းဆုံး အက်ရှင်ပြကွက်တွေနဲ့အတူ ရင်တမမ မြင်တွေ့ရမှာပါ။

ဇာတ်လမ်းကတော့ 'ဘာနီ' နဲ့ 'ဂိုကူးလ်' တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ သမီးလေး 'မစ်ရှ်တီ' နဲ့အတူ ရထားစီးပြီး ခရီးထွက်လာရာကနေ စတင်ပါတယ်။ ဘူတာရုံ တစ်ခုမှာ ရထားခဏရပ်တုန်း ခင်ပွန်းဖြစ်သူက အပြင်ထွက်ပြီး မုန့်သွားဝယ်နေချိန်... ဘာနီ တစ်ယောက် သမီးလေးကို ခေါ်ပြီး ရထားအိမ်သာဘက်ကို သွားခဲ့ပါတယ်။ ဒါပေမဲ့ မျက်စိတစ်မှိတ်စာ အာရုံလွဲသွားတဲ့ အချိန်လေးမှာပဲ သမီးလေး ရုတ်တရက် ပျောက်သွားပါတော့တယ်။

ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့မှ အမျိုးသမီး တစ်ယောက်က သမီးလေးကို ပွေ့ချီပြီး လှေကားပေါ်က ပြေးဆင်းသွားတာကို မြင်လိုက်ရပါတယ်။ ဒါကြောင့် ဘာနီ လည်း ရထားပေါ်ကနေ ချက်ချင်း ခုန်ဆင်းပြီး အသည်းအသန် လိုက်ဖမ်းချိန်မှာတော့... လူဆိုးတွေက သူမရဲ့ ခေါင်းကို သံချောင်းနဲ့ အပြင်းအထန် ရိုက်ချလိုက်တာကြောင့် သတိလစ် မေ့မြောသွားခဲ့ပါတယ်။

သတိပြန်ရလာချိန်မှာတော့ သမီးလေးဟာ လုံးဝ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ ဖြစ်သလို... ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် ဘာနီ ရဲ့ မျက်စိနှစ်ဖက်စလုံးဟာလည်း ယာယီ ကွယ်သွားခဲ့ရပါတယ်။ ဆရာဝန်တွေက မျက်လုံးကို အဝတ်စည်းပြီး အနားယူဖို့ တင်းတင်းကျပ်ကျပ် မှာကြားခဲ့ပေမဲ့... သမီးဇော ကပ်နေတဲ့ မိခင်တစ်ယောက်ရဲ့ မခံချင်စိတ်ကိုတော့ ဘာနဲ့မှ တားဆီးလို့ မရနိုင်ခဲ့ပါဘူး။

ဒီနောက်မှာတော့ မျက်စိမမြင်ရတော့တဲ့ ဘာနီ ဟာ ပျောက်ဆုံးနေတဲ့ သမီးလေးကို ပြန်ရှာဖို့နဲ့ ကလေးမှောင်ခို ကွန်ရက်ကြီး တစ်ခုလုံးကို အမြစ်ပြတ် ဖြိုခွင်းဖို့အတွက်... ကိုယ့်ကိုယ်ကိုယ် သွေးအေးရက်စက်တဲ့ သေမင်းတမန် တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။

မင်းသမီး Taapsee Pannu ရဲ့ အပိုင်နိုင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့ မိခင်တစ်ယောက်ရဲ့ နာကျင်မှု၊ ဒေါသတရားတွေကို အမိုက်စား Action ခန်းတွေနဲ့အတူ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ အထူး ညွှန်းဆိုပေးလိုက်ပါတယ်။

✅Main Channel Link---⬇️⬇️⬇️⬇️

📎🤩 https://t.me/addlist/zX9tzSYZ02kyYzNl

✅ကြည့်ရန်လင့် ⬇️⬇️⬇️⬇️

📎🤩 https://t.me/horror1817/1692

🚨🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨
❤1
September 3, 2026 365